စစ်ကောင်စီပူးပေါင်းတပ်တို့ ပစ်ခတ်မှုကြောင့် တစ်လအတွင်း ပြည်သူ ၁၃ ဦးသေဆုံးရကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီပူးပေါင်းတပ်တို့ ပစ်ခတ်မှုကြောင့် တစ်လအတွင်း ပြည်သူ ၁၃ ဦးသေဆုံးရကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲတွင် ပြီးခဲ့သည့် အောက်တို ဘာလတစ်လအတွင်း စစ်ကောင်စီပူးပေါင်းတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာတော်အပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်ဟု ကေအဲန်ယူ၏ လစဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ြပထား သည်။

ကေအဲန်ယူ နယ်မြေထဲတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် -BGF တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် -KNDO ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်သည့်အပြင် လေကြောင်း တိုက်ခိုက်မှုပါ ပြုလုပ်သည့်အတွက် ယခုလို အရပ်သားထိခိုက်သေဆုံးမှု များရခြင်းဖြစ်သည်ဟု ယမန်နေ့ နိုဝင်ဘာလ ၆ရက်နေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုအထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသူနှင့် စစ်ကောင်စီတပ်၏ ရက်စက်စွာ အကြောင်းမဲ့ ပစ်သတ်ခံရသည့် ပြည်သူများလည်းရှိပြီး အရပ်သား ပြည်သူ (၄၆) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ပြည်သူများ နေထိုင်သည့် ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသလို ကေအဲန်ယူ တပ်မဟာ(၁)ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် BGF တပ်မှ အရပ်သားပြည်သူ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်လေးပင်ခရိုင် ဘက်တွင်လည်း လူနေအိမ်(၆)လုံး မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

လက်ရှိအချိန်တွင် တောင်သူလယ်သမားများ စပါးရိတ်သိမ်းရသည့်အချိန်တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ကောက်ရိတ်ခွင့်မပေးသည့်အတွက် ပြည်သူများ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ကော်သူးလေအုပ်ချုပ်သည့် နယ်မြေထဲတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆)ဦးသေဆုံးသွားရပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း ၅၀ ကျော်နှင့် နယ်မြေခံ BGF တပ်ရင်း ၄ ရင်းတို့နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလထဲတွင် တိုက်ပွဲပေါင်း ၂၈၆ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ်လုပ်ဆောင်ခဲ့သည်ဟုလည်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလမှစတင်၍ အောက်တိုဘာလအထိတွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကေအဲန်ယူ လက်အောက်ခံတပ်ကြား တိုက်ပွဲပေါင်း (၃၈၄၅)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်ပေါင်း (၃၆၆၄) ဦးသေဆုံးကာ (၂၇၀၀) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ တစ်နှစ်တာတွင်လည်း ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲပေါင်း (၃၁၅၂) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၂၁၉၀) ဦး သေဆုံးကာ(၂၀၄၈)ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...