ဆောမြို့နယ်နှင့် ကရင်ပြည်နယ်မှ ရဲ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်နှင့် အတူ CDMဝင်ရောက်

ဆောမြို့နယ်နှင့် ကရင်ပြည်နယ်မှ ရဲ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်နှင့် အတူ CDMဝင်ရောက်

မကွေးတိုင်း၊ ဆောမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ကရင်ပြည်နယ်အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခမရ(၂)မှ တပ်ဖွဲ့ဝင်တစ်ဦးတို့သည် ဒေသကာကွယ်ရေးအဖွဲ့များထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ တွင် လူခို့ (ညောင်ချောင်း) ဒေသသို့ ကျူးကျော် ရောက်ရှိနေသော ခမရ(၂)မှ တပ်သား ဟိန်းဇော်ဦးသည် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ်လာကာ MA-3 သေနတ်တစ်လက်၊ ၎င်းကျည်ဘောက် လေးခု၊ ၅.၅၆ ကပစ ကျည် ၁၀၀ တောင့် နှင့်အတူ CDM ဝင်ရောက်ခဲ့ကြောင်း Cobra Column က ထုတ်ပြန်သည်။

CDM ဝင်ရောက်လာသည့် တပ်သားဟိန်းဇော်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန (NUG/MOD) က ချီးမြင့်သည့် ဆုတော်ငွေ ဘတ် ၅၀,၀၀၀ မြန်မာငွေ သိန်း ၄၀ ခန့်ကို ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက (NUG/MOD) ကိုယ်စား ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။.

အောက်တိုဘာလ ၂ ရက်နေ့တွင် မကွေးတိုင်း ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ကျောက်ထု PDF(YRPA)နှင့် ချိတ်ဆက်ပြီး G3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၅၃ တောင့်ဖြင့် CDM ဝင်ရောက်လာခဲ့သဖြင့် ကျောက်ထု PDF (YRPA) က ဆုကြေးငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေခဲ့ကြောင်း ကျောက်ထု PDFအဖွဲ့က ထုတ်ပြန်ထားသည်။

ယခင်က CDM ဝင်ရောက်လာသူများကို ဆုကြေးငွေ သိန်း ၈၀ချီးမြှင့်ရန်ကြေညာထားသော်လည်း လက်ရှိတော်လှန်ရေးရေချိန်၊အချိန်ကာလအနေအထားနှင့် အပ်နှံသည့်လက်နက်အမျိုးအစားပေါ်မူတည်ကာ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ထု PDFက ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...