မောင်တောတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

မောင်တောတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား
ဖမ်းဆီးခံရသည့် မင်းပြားမြို့နယ် ပြိုင်းတောင်ကျေးရွာမှ မအေးမြစန္ဒာ။ ဓာတ်ပုံ - Aye Mya Sandar Facebook
ဖမ်းဆီးခံရသည့် မင်းပြားမြို့နယ် ပြိုင်းတောင်ကျေးရွာမှ မအေးမြစန္ဒာ။ ဓာတ်ပုံ - Aye Mya Sandar Facebook

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောင်ကျေးရွာမှ ၂၅ နှစ်အရွယ် မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သဖွယ်ကျေးရွာမှ ကယ်ရီသမား မောင်မောင်ကျော်တို့ဖြစ်ကြသည်။ မအေးမြစန္ဒာမှာ မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာရှိ ဆွေမျိုးများထံသို့ အလည်ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းသည် ယင်းနေ့က မင်္ဂလာညွန့်ရွာမှ မောင်တောမြို့သို့ မောင်မောင်ကျော်၏ ဆိုင်ကယ်ကယ်ရီကိုငှားပြီး သွားရာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းက DMG သို့ပြောသည်။

“သူက သီတင်းကျွတ်လပြည့်မတိုင်မီကတည်းက အမျိုးတွေ အကူအညီတောင်းလို့ ပိုက်ဆံသွားပို့ရင်း အလည်သွားတာ။ အဲဒီနေ့က ကယ်ရီသမားနဲ့အတူ မောင်တောမြို့ကို ပြန်လာတယ်။ အဲဒီမှာ ကြိမ်ချောင်းစစ်ဆေးဂိတ်ကနေပြီးတော့ ဖမ်းထားလိုက်တယ်လို့ ကျနော်တို့ အမျိုးတွေကပြောလို့ သိရတယ်။ အခုဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာကိုတော့ ကျနော်တို့မသိရသေးဘူး”ဟု သူကဆိုသည်။

လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေသည်ဟု ကိုမျိုးငြိမ်းချမ်းက ဆက်ပြောသည်။

“မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးတော့ သူက မိန်းကလေးလေ။ ပြီးတော့ သူတို့(စစ်ကောင်စီ)လက်ထဲကိုရောက်သွားရင် ရိုက်တာ၊ ပုတ်တာတွေရှိတဲ့အတွက် စိုးရိမ်မှုရှိတာပေါ့။ အခုဆိုရင် ဖမ်းသွားတာ ၅ ရက်ကျော်နေပြီ၊ အခုထိအဆက်အသွယ်မရသေးဘူး”ဟု ၎င်းကဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွက်ညိုတောင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကို စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးပေ။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကိုဖမ်းဆီးမှုများ နေ့စဉ်ရှိလာကာ AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...