လားရှိုးမြို့တော်ခန်းမကို ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း ဖောက်ခွဲတိုက်ခိုက်

လားရှိုးမြို့တော်ခန်းမကို ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း ဖောက်ခွဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ လားရှိုးမြို့တော်ခန်းမကို ယနေ့ နိုဝင်ဘာလ ၂ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နေ့လယ်တစ်နာရီခန့်က လားရိူးမြို့တော်ခန်းမ မုခ်ဦးကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"နေ့ခင်း ၁နာရီလောက် ဆိုင်ကယ်နဲ့လာပစ်သွားတယ်။ မြို့တော်ခန်းမ မုခ်ဦးထိပြီးတော့ အဲ့နားဖြတ်သွားတဲ့ပြည်သူထိတယ်။ လက်ပစ်ဗုံးလို့သိရတယ် " ဟု ဒေသခံက ပြောသည်။

ယခုပစ်ခတ်တိုက်မှုတွင် N.S.S.A.A ဘက်မှ အထိအခိုက် မရှိဘဲပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ကိုမူမသိရသေးကြောင်း N.S.S.A.A ၏ ထုတ်ပြန်ချက်အရသိရသည်။

လားရိူးမြို့တွင် နိုဝင်ဘာလ ၄ရက်နေ့၌ စစ်ကောင်စီက ပြုလုပ်မည့် တန်ဆောင်တိုင်ပွဲ၌လည်း N.S.S.A.A ရှိနေမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...