တောင်ကြီးမြို့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

တောင်ကြီးမြို့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

ယမန်နေ့ (နိုဝင်ဘာလ ၁) ရက် ညနေပိုင်းတွင် သစ်တောရပ်ကွက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် နေအိမ်သို့ အမျိုးသားတစ်ဦး ဓားတစ်လက်ဖြင့် ဝင်ရောက်လာပြီး ဓားပြတိုက်ကာ ငွေကြေး ၅ သိန်းကျော် ကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“မနေ့ ညနေပိုင်းအချိန်မှာ အိမ်အကူ အမျိုးသမီးတစ်ဦးတည်း ရှိနေတဲ့အချိန် အမျိုးသား တစ်ဦးက လာပြီး ဓားပြ တိုက်သွားတာ၊ အိမ်အကူအမျိုးသမီး လက်ကိုလည်း ဓားနဲ့ထိုးလိုက်လို့ ဝဲလက်မှာ ဒဏ်ရာရသွားတယ်၊ ပြီးတော့ ဘုရားစင်မှာ ရှိတဲ့ ပိုက်ဆံငါးသိန်းကို လည်း ယူသွားတယ်” ဟု သစ်တောရပ်ကွက်မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြလာတိုက်သည့် အမျိုးသားသည် ခေါင်းစီးမျက်နှာအုပ်ထားသည့် လူလတ်ပိုင်းအရွယ်ဖြစ်ကြောင်း အိမ်အကူအမျိုးသမီးပြချက်အရ သိရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ဦးအောင်ဆွေမြင့်သည် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး လက်ရှိတွင် ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးနိုင်ရေးအတွက် ‌တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရဲတပ်ဖွဲ့ ကို အကြောင်းကြားပြီး ရှာဖွေဖမ်းဆီးရန် ညွှန်ကြားကြောင်းလည်း သတင်းသိရသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကို သျှမ်းသံတော်ဆင့်မှ ကြိုးစား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

တောင်ကြီးမြို့သည် စစ်ကောင်စီလက်အောက်ခံ စစ်တပ်တိုင်းရုံးနှင် ပြည်နယ်ရုံးများ အခြေစိုက် မြို့ဖြစ်ပြီး လုံခြုံရေးအင်အားတင်းကြပ်ထားသည့် မြို့ဖြစ်သော်လည်း ခိုးယူလုယက်မှုများက နေ့စဥ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...