မိုင်းဖောက်ခွဲခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို လာစစ်ဆေးသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

မိုင်းဖောက်ခွဲခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို လာစစ်ဆေးသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာလ ၃၀ရက်နေ့ ည ၈နာရီ၄၀မိနစ်ခန့်တွင် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၆၀၁)၊တပ်ခွဲ(၅)နွေဦးအဖွဲ့က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးရုံး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယင်းနေရာကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ကားတစ်စီး၊ ဆိုင်ကယ် လေးစီးကို တာပွန်လမ်း ၊ ၃၄လမ်းထိပ်အနီးတွင် ည ၁၀နာရီ ၁၀မိနစ်အချိန်၌ ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အသေအဆုံးတော့ မရှိဘူးပြောတယ်၊ အထိအခိုက်တော့ရှိတယ်၊ ဘယ်နှစ်ယောက်ရှိလဲတော့မသိဘူး၊ စစ်ဆေးဖို့လာတဲ့ကားကတော့ မှန်တွေကွဲသွားတယ်” ဟု တပ်ရင်း(၃၆၀၁)မှ ဆက်သွယ်ရေးနှင့် သတင်းတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...