မိုးညှင်းမြို့ပေါ် ရပ်ကွက်အချို့က မီတာမဆောင်သည့် နေအိမ်များအား စစ်ကောင်စီမှ

မိုးညှင်းမြို့ပေါ် ရပ်ကွက်အချို့က မီတာမဆောင်သည့် နေအိမ်များအား စစ်ကောင်စီမှ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်ရက်ကွက်တချို့မှာ  လျှပ်စစ်ဓာတ်အား အသုံးပြုခ မီတာ မဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီဘက်က လျှပ်စစ်မီး လိုက်လံဖြတ်တောက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စစ်သား ၊ ရဲနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့မနက်ပိုင်းကစပြီး အောင်သပြေရပ်ကွက်မှာရှိတဲ့ မီတာမဆောင်တဲ့ အိမ်တွေက မီးကြိုးတွေကို လိုက်လံဖြုတ်သိမ်းခဲ့တယ်လို့  မီးဖြတ်တောက်ခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုင်ကနေ အိမ်ကိုဆွဲတဲ့ ကြိုးကိုဖြုတ်တာ။ ” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းကနေ မီတာခတွေ ပေးဆောင်ကြဖို့ လိုက်လံကြေညာခဲ့ပြီးတဲ့နောက် အခုလို မီးကြိုးဖြုတ်ပြီး လျှပ်စစ်မီး လိုက်လံ ဖြတ်တောက် နေတာဖြစ်ပြီးတော့ မီတာခလာဆောင်မှ ပြန်တပ်ပေးနေတာ ဖြစ်တယ်လို့ နောက်ထပ်ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

“မီတာစာရွက်ဝေထားတဲ့ အိမ်တွေကို မီတာမဆောင်ရင် ဖြတ်တယ်။ မီတာဆောင်ပေးပြီးတဲ့ အခါကျရင်တော့ ပြန်ဆက်ပေးတယ်။ ဒဏ်ငွေရိုက်တာတွေ ဘာတွေတော့ မရှိသေးဘူး လောလောဆယ်တော့။” လို့ ဒေသခံက ဆိုပါတယ်။

 အခုလို မီးကြိုးလိုက်လံဖြုတ်သိမ်းတာတွေ ပြုလုပ်တာကြောင့်  မနေ့ကစပြီး မိုးညှင်းလျှပ်စစ်ရုံးရှေ့မှာ မီတာလာဆောင်သူတွေ ပြည့်ကြပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တစ်ချို့ နေအိမ်တွေက မီတာကြေး မပေးဆောင်တာ ခြောက်လ ခန့်ရှိပြီဖြစ်သလို တချို့မှာမှာလည်း နှစ်နှစ်နီးပါးအထိ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဗန်းမော် ၊ ရွှေကူနဲ့ မိုးမောက်မြို့ဘက် တွေမှာလည်း ပြီးခဲ့တဲ့ လတွေမှာ စစ်ကောင်စီဘက်က မီတာကြေးအတင်းအကြပ် ကောက်ခံတာနဲ့ မီတာဘောက် ဖြုတ်သိမ်းတာတွေ စတဲ့ အလားတူဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...