ဖယ်ခုံတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ ၁ ဦး စိုးရိမ်ရ

ဖယ်ခုံတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ ၁ ဦး စိုးရိမ်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက် ဒဏ်ရာရရှိကာ (၁) ဦး စိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၆) ရက် မနက် (၉) နာရီမှ စတင်ပြီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားသဖြင့် PDF တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁) ဦးမှာ မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော်တို့ ထဲက (၆) ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်။ ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ သူက မျက်လုံး တစ်ဖက်ဆုံးရှုံးသွားတယ်။ ကျန်တဲ့သူတော့ အရမ်းမစိုးရိမ်ရဘူး။ သူတို့ဘက်က စစ်ကြောင်းထိုးစစ်ဆင်လာပြီး တိုက်ပွဲစဖြစ်ခဲ့တာ။ စကစ တွေဘက်က လက်နက်ကြီးတွေနဲ့ အသုံးပြုတာ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ တိုက်ပွဲတွင် ဖယ်ခုံ PDF တပ်ရင်း ၊ KNDF BO – 2၊ KNDF BO -3၊ မြို့ပြတိုက်ခိုက်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်း နှင့် နေပြည်တော် ပကဖ အဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လည်း စစ်ရေးတင်းမာမှု ရှိနေသေးတယ်။ ကျနော်တို့ အတွက်က အခု ကျည်ဆံ အခက်ခဲ ဖြစ်နေတယ်။ကျည်ဆံ လုံလောက်မှုမရှိဘူး” ဟု ဖယ်ခုံ တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဆောင်ကန်း ကျေးရွာသည် သျှမ်း – ကယားနယ်စပ်တွင် တည်ရှိပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာ နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် PDF (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...