ရေဖြူမြို့နယ်တွင် ကလေးငယ် ၄ ဦးကို နှိပ်စက်သည့် ရာဘာခြံမန်နေဂျာနှင့် သမီးဖြစ်သူတို့ ဖမ်းဆီးခံရ

ရေဖြူမြို့နယ်တွင် ကလေးငယ် ၄ ဦးကို နှိပ်စက်သည့် ရာဘာခြံမန်နေဂျာနှင့် သမီးဖြစ်သူတို့ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ကံပေါက်ဒေသ၊ ဂန့်ဂေါ်တောင်ကျေးရွာရှိ ရာဘာခြံတစ်ခုတွင် ကလေးငယ် လေးဦးကို ရိုက်နှက်နှိပ်စက်သည့် ခြံမန်နေဂျာနှင့် သမီးဖြစ်သူတို့ကို ယမန်နေ့ အောက်တိုဘာ လ ၂၅ ရက်နေ့က ကံပေါက်နယ်မြေ ရဲစခန်းမှတစ်ဆင့် ရေဖြူမြို့ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကလေးငယ်မောင်နှမ လေးဦး ရိုက်နှက် နှိပ်စက်ခံထားရသည်ကို ဒေသခံတချို့က တွေ့ရှိပြီးနောက် နယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ခြံမန်နေဂျာ ဦးရီလွင်နှင့် သမီး ဖြစ်သူ မရီမာလွင်တို့ကို ဖမ်းဆီး ထိန်းသိမ်းပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ရာမှ ယမန်နေ့က ထပ်မံ၍ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂန့်ဂေါ်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက “ကလေးတွေကို သူတို့ နှိပ်စက်တာက တော်တော် ဆိုးဝါးပါတယ်၊ သတိလစ် မေ့မျောတဲ့အထိ ဖြစ်ခဲ့တယ်”ဟု ပြောသည်။

ကလေးငယ်များ၏ မိဘနှစ်ဦး သည် ပြီးခဲ့သည့် ရက်ပိုင်းက ခြံပိုင်ရှင်နှင့် ပြဿနာဖြစ်၍ အလုပ်ထုတ်ခံရသူများဖြစ်ပြီး ပိုက်ဆံအကြွေး ကျပ် ကိုးသိန်းကို မပေးနိုင်၍ ကလေးငယ်များကို အပေါင်အဖြစ် ခေါ်ယူထားရာမှ နှိပ်စက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“လက်ရှိ ကလေးတစ်ဦးကတော့ အရေးပေါ် ဆေးရုံတင်ထားတယ်။ ကျန်သုံးဦးကတော့ ရွာဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ် မိဘတွေနဲ့ အဆက်သွယ်ရပြီး ဖြစ်ပါတယ်”ဟု ဂန့်ဂေါ်တောင်ရွာ ဘုန်းကြီးကျောင်းအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

ရေးမြို့နယ် လမိုင်းမြို့က ဦးကြည်လှိုင် ဒေါ်မိုးစံတို့၏ သမီးများ ဖြစ်သော အသက် ၁၃ နှစ် အရွယ် ၊ အသက် ၁၀ နှစ်အရွယ် ၊ အသက် ခြောက်နှစ်အရွယ် နှင့် အသက် သုံးနှစ်အရွယ် ကလေးများကို ရေဖြူမြို့နယ် ကံပေါက်ဒေသ ဂန့်ဂေါ်တောင်ကျေးရွာမှ ဦးရီလွင်နှင့် ဇနီးဖြစ်သူ ဒေါ်ဌေး သမီးဖြစ်သူ မရီမာလွင် တို့က အမြဲ နှိပ်စက်လေ့ရှိကြောင်း ကလေးငယ်များကို တစ်ကိုယ်လုံး အင်္ကျီချွတ်ခိုင်းပြီး ရိုက်နှက်ခြင်း၊ ကလေးငယ်များကို ခန္ဓာကိုယ်နှင့် စအိုတို့ကို ဆေးလိပ်မီးဖြင့်ထိုးပြီး နှိပ်စက်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...