မုံရွာမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၃ဦးသေဆုံးဟုဆို

မုံရွာမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၃ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ အောက်တိုဘာ လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က မုံရွာ - အရာတော်လမ်းပိုင်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအတွက် ရိက္ခာလာပိုသည့် MR2 ကားအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ကျနော်တို့ ကြိုတင်သတင်းရလို့တော့မဟုတ်ဘူး။ အဲဒီကားက မိုင်းထောင်ထားတဲ့နေရာကို တည့်တည့် ရောက်လာလို့ ဆွဲခဲ့တာပါ” ဟု သပြေညိုပြောက်ကျား တာဝန်ရှိ သူတစ်ဦးမှ ပြောသည်။

စစ်ကောင်စီတပ်သားများကို ရိက္ခာလာပို့သောကားသည့် မိုင်းထောင်ထားသည့် နေရာ တွင်လာရပ်သည့် အတွက် M14 မိုင်းအမျိုးအစား လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်းဆိုသည်။

သေဆုံးဒဏ်ရာရရှိမှုများအား ၎င်းတို့၏ အတွင်း ဖရဲသီး(စစ်ကောင်စီတပ်ဖွဲ့ဝင်) သတင်းပေးများထံမှ အတည်ပြုချက်ရယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဖောက်ခွဲတိုက်ခိုက်မှုအပြီး အခြားနေရာ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများမှာ ပြောက်ကျားတပ်ဖွဲ့ဝင်များအား ဝေးလံသည့်နေရာအထိ လိုက်လံပစ်ခတ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်တပ်ဖွဲ့နှင့်အတူ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း(၁) တပ်ခွဲ(၃) မှ God Of Monywa People Defence Force (GPDF) တို့မှ ပူပေါင်း၍ စစ်ဆင်ရေးအား အောင်မြင်စွာပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပါတ်သက်ပြီး ဗီဒီယို ရုပ်သံ ရိုက်ယူရန် အခက်ခဲရှိသောကြောင့် မိဘပြည် သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ကြောင်း သပြေညိုပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...