ရိဒ်ခေါဒါရ်မြို့အနီး အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

ရိဒ်ခေါဒါရ်မြို့အနီး အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အား အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း Mountain Eagle Defence Force (MEDF) ထံမှ သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရိဒ်ခေါဒါရ် အမှတ်(၂) ရပ်ကွက် တောင်ကုန်း၌တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် မြို့အတွင်းသို့ဝင်၍ ရိက္ခာယူပြီး အပြန် တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ ပဒေသာမိုင်းကို အဝေးထိန်းခလုပ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သေသွားတဲ့ စစ်ခွေး (စစ်ကောင်စီတပ်သား)တွေကို အနီးမှာရှိတဲ့အိမ်ထဲထည့်ပြီး မီးရှို့ သွားကြတယ်” ဟု MEDF တာဝန်ရှိသူ တစ်ဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ရိက္ခာယူပြီးအပြန်တွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများကိုမီးရှို့၍ ဒဏ်ရာရရှိသူများကို ထမ်းကာရိဒ်ခေါဒါရ် စခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များမှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုအခြေအနေများကို စောင့်ကြည့်လျက်ရှိနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ခြင်းရှိမရှိအား ပြောဆိုနိုင်ခြင်းမရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

ရိဒ်ခေါဒါရ်မြို့သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းပေါ်တွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့အကြား နှစ်နိုင်ငံနယ်စပ် တွင်တည်ရှိသောမြို့ဖြစ်သည်။

စာတည်း ။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...