မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် လာမည့် အောက်တိုဘာ (၂၉) ရက်နေ့ နောက်ဆုံးထား မီတာခပေးဆောင်ကြရန် လော်စပီကာဖြင့် မြို့အနှံ့လိုက်လံ သတိပေး

မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် လာမည့် အောက်တိုဘာ (၂၉) ရက်နေ့ နောက်ဆုံးထား မီတာခပေးဆောင်ကြရန် လော်စပီကာဖြင့် မြို့အနှံ့လိုက်လံ သတိပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ပြည်သူတွေကို လာမယ့်အောက်တိုဘာ (၂၉) ရက်နေ့ နောက်ဆုံးထားပြီး လျှပ်စစ်မီတာကြေး ပေးဆောင်ကြဖို့ သတိပေးချက်တွေကို မြို့ပေါ်ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ (၃) ရက်လောက်ကတည်းက စစ်ကောင်စီကနေ လော်စပီကာနဲ့ လိုက်လံ ကြေညာနေပါတယ်။

မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးကနေ လော်စပီကာကို ကားပေါ်တင်ပြီး နေ့ပိုင်းနဲ့ ညပိုင်းတွေမှာပါ လိုက်လံ ကြေညာနေတာ ဖြစ်တယ်လို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့က ညပိုင်းတစ်ခေါက်အော်တယ်။ နေ့လယ် ၁၂ နာရီကျော် ၁ နာရီလောက် တစ်ခေါက်အော်တယ်။ ပတ်ပြီး အော်နေတာ ၃ ရက်လောက်တော့ရှိပြီ။ ။”လို့ ဆိုပါတယ်။

လော်စပီကာနဲ့ လိုက်လံသတိပေးတာတွေအပြင် အိမ်တွေမှာ အသိပေးစာ လိုက်ပေးတာတွေပါ ပြုလုပ်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

“လိုက်လည်းအော်တယ်။ သူတို့ လေးငါးဆယ်ယောက်ကြီး ရဲရော ဘာရောဘယ်သူတွေပါလဲတော့ မသိဘူး။ အရပ်ဝတ်နဲ့ဆိုတော့။ အိမ်မှာတွေ မီတာဆောင်ဖို့ စာရွက်တွေလိုက်ပေးတာ အဲဒါမျိုးတွေလည်း လုပ်နေကြတယ်။”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးက မီတာခတွေ ကောက်ခံရာမှာ မီတာကို အိမ်တိုင်ရာရောက် လိုက်ဖတ်တာမျိုးမရှိဘဲ ခန့်မှန်းပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်အသုံးပြုခပေးဆောင်ဖို့ အရင်ချိန်တွေက မီတာစာရွက်လာပေးတာမျိုးတွေ ရှိပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ခန့်မှန်းပြီးပဲ တောင်းခံနေတာလို့ ဒေသခံက ပြောပါတယ်။

“ခါတိုင်းဆို ကျမတို့ကို သူတို့ ခြောက်လတစ်ကြိမ် ကောက်တာပဲဖြစ်ဖြစ် သုံးလ တစ်ကြိမ်ပဲ ဖြစ်ဖြစ် စာရွက်လာပေးတယ်ပေါ့နော်။ အခုက ဖတ်ပဲဖတ်သွားတာ စာရွက်လာမပေးသွားဘူး။ တချို့ကလည်း လာဖတ်သွားပြီးတော့မှ ၁ သိန်းတွေ ၁၀ သိန်းတွေ အဲဒီလို ကျတဲ့သူတွေလည်း ရှိတယ်တဲ့။ ဒါပေမယ့် သူတို့ကလည်း မတွက်ထားတဲ့ အခါကျတော့ များလားနည်းလား မသိရဘူးပေါ့နော်။” လို့ ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ (၃) ရက်လောက်ကလည်း မီတာလိုက်လံကောက်ခံတဲ့ လျှပ်စစ်ရုံးဝန်ထမ်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုင်းရိုင်းဆိုင်းဆိုင်းပြောဆို ဆက်ဆံပြီး မီတာဘောက် ဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုတာမျိုးတွေပါ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း ဗန်းမော် ၊ ရွှေကူ နဲ့ မိုးမောက်မြို့တွေမှာလည်း စစ်ကောင်စီက မီတာခ အတင်းအကြပ်ကောက်ခံတာနဲ့ မီတာဘောက်ဖြုတ်သိမ်းတာ စတဲ့ အလားတူဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...