မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေခြင်းကြောင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရ

မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေခြင်းကြောင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ တောင်ဘက်အခြမ်း တစ်မိုင်ခန့်အကွာရှိ ရွှေပေါက်ပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၁၂နာရီ အချိန်ခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံထံက သိရသည်။

တပ်ဖွဲ့ဝင်အင်အား ၅၀ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“စစ်သား ၅၀လောက်က ရွာကို လက်နက်ကြီးတွေ အဆက်မပျက် ပစ်ခတ်ပြီး ဝင်ရောက်လာတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး ရမ်းသန်းပ ပစ်ခတ်တာကြောင့် ထိခိုက်သူ အတော်များများ ရှိနေတယ်။ ဒေသခံ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားပြီး ရိုက်နှက် စစ်ဆေးတာတွေ လုပ်နေတာ ရှိတယ်။ ရွှေပေါက်ပင် ရွာကို တော့ နေ့လယ်ပိုင်း ၁၂ နာရီလောက်ကနေ အခုချိန်ထိ မီးရှို့နေတုန်း”ဟု လုံခြုံအရ အမည်မဖော်လိုသည့် ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်း ထိုးနေခြင်းကြောင့် ရွှေပေါက်ပင် ကျေးရွာအပါအဝင် ကျေးရွာ ငါးရွာက လူဦးရေ ၅,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...