ပျူစောထီးပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

ပျူစောထီးပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ် တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပျူစောထီးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် အသက် ၁၉ နှစ်အရွယ် မောင်သန်းထိုက်အောင် (ခ) အငယ်ကောင် ဆိုသည့် လူငယ်တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“တံတားအောက်က တိုင်ခြေခုံမှာ သူတို့ ညီအစ်ကို ၂ ယောက် ထိုင်နေကြတာကို PDF တွေ လာတယ်ဆိုပြီး တစ် ရွာထဲသား ပြည်သူ့စစ်က ပစ်လိုက်တာ။ အကို ကိုတော့ မထိဘူး” ဟု ပရဟိအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညီအစ်ကိုနှစ်ဦးထိုင်နေစဉ် ပျူစောထီးများက ပစ်ခတ်ရာမှ ညီဖြစ်သူ မောင်သန်းထိုက်အောင် ဆိုသူ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနှင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ အောက်တိုဘာလ ၆ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင် ညောင်ခြေထောက်ကျေးရွာ၏ အနောက်ဘက်ရှိ ပြည်-တောင်ကုတ် ကားလမ်း၊ ချောင်းကူးတံတားအောက်တွင် ညီအစ်ကိုနှစ်ဦးထိုင်နေကြစဉ် ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသူ လူငယ်၏ ရုပ်အလောင်းကို မိသားစုအား ပြန်ပေးပြီး အမြန်ဆုံးသင်္ဂြိုလ်ရန်နှင့် လူမစည်ကားအောင် လုပ်ကြရန် ဖိအားပေးမှုများလည်း ရှိခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူအချို့က ပြောသည်။

ထို့သို့ ဖိအားပေးမှုများကြောင့် အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လည် ၁၁ နာရီ အချိန်တွင် ညောင်ခြေထောက် သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ကြသည် ဟု နီးစပ်သူများက ပြောသည်။

ယခု ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့သည့် အဆိုပါ ညီအစ်ကိုနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က အဖွဲ့များ မဟုတ်ဘဲ တံတားအောက်တွင် သံတိုသံစများ ရှာနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ အမှုမဖွင့်ဘဲ ပြည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ညှိနှိုင်းကာ သင်္ဂြိုလ်ခဲ့ရခြင်းဖြစ်သည်။

ပန်းတောင်းမြို့နယ်ထဲတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ပိန္နဲခုံကျေးရွာ ရှိ မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင် ကြ သည့် ဒေသခံ လူငယ်လူကြီးအချို့ကို PDF အဖွဲ့ဝင်များ ဟု စွပ်စွဲကာ ပျူစောထီးများက ရိုက်နှက် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပန်းတောင်းမြို့နယ်၏ အကြီးဆုံး ပျူစောထီးခေါင်းဆောင်သည် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ပြိုင် ဘက် မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင်သူကိုများကို PDF ဟု စွပ်စွဲခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု ဒေသခံများက ပြောပြသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...