ပျောက်ဆုံး သွားသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့၏ ရုပ်အလောင်းများ ပြန်တွေ့

ပျောက်ဆုံး သွားသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့၏ ရုပ်အလောင်းများ ပြန်တွေ့

ပျောက်ဆုံးနေသည့် ဆင်ဘိုမြို့က အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့၏ ရုပ်အလောင်းများ ပြန်တွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ တစ်ရက်ကျော် အကြာ ပျောက်ဆုံးနေရာမှ သေဆုံးနေသည့် ရုပ်အလောင်းများကို ဆင်ဘိုဒေသခံများက ပြန်တွေ့ခဲ့ခြင်း

ဖြစ်သည်။

ဆင်ဘိုဒေသခံတစ်ဦး က “ဖုန်းဆက်ခေါ်ပြီးမှ လုပ်ကြံတယ်လို့ ဈေးထဲမှာပြောနေကြတယ်။

သူတို့နှစ်ယောက် က ၇ ရက်နေ့ မနက်က ဆင်ဘိုမြို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကွင်းဆင်းသွားကြပြီး လမ်းခွဲသွားကြတာ။ ကွင်းဆင်း သွားနေတုန်း ဖုန်းက တောက်လျှောက်လာနေတာတဲ့။ စောင့်နေတာရှိလို့ ခဏ သွားတွေ့လိုက်ဦးမယ်လို့ ပြော သွားတယ်တဲ့” ဟု ပြောသည်။

၎င်းတို့နှစ်ဦးသည် အောက်တိုဘာလ ၇ ရက်နေ့ ပျောက်ဆုံးသွားရာမှ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်တွေခဲ့ ခြင်း ဖြစ်သည်။

အသုံးပြုသူနည်းပါးသည့် ဆင်ဘိုမြို့နှင့် မြင်သာကျေးရွာ လမ်းဟောင်းပေါ်တွင် မျက်နှာနှင့် ဦးခေါင်းကို တုတ်နှင့် ရိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။ နှစ်ဦးစလုံးကို လက်ပြန်ကြိုးတုတ်ပြီး ၎င်းတို့အား ပုဆိုးများဖြင့် မျက်နှာကိုစည်း၍ မျက်နှာနှင့် ဦးခေါင်းတွင် လည်း ရိုက်နှက်ခံထားရသည်ဟု ဒေသခံများက ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ သတ်သွားသည်ကိုမူ မသိရသေးဟု ဆင်ဘိုဒေသခံ တစ်ဦးက ပြောသည်။

အသတ်ခံလိုက်ရသူများမှာ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ် နှင့် ရာအိမ်မှူး ဦးလှစင်းတို့ ဖြစ်ပြီး ဦးမောင်ထွဋ် ကိုင်ဆောင်သွားသည့် ဖုန်းနှစ်လုံးမှာလည်း ၎င်းတို့နှစ်ဦး ပျောက်ဆုံး သွားသည့်နေ့  အောက် တိုဘာလ ၇ ရက်နေ့၊ ညနေ ၃ နာရီခန့်က စတင်ပြီး

စက်ပိတ်သွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

အလောင်းတွေ့သည့် နေရာနှင့် ပေ ၄၀ အကွာတွင် ၎င်းတို့နှစ်ဦး စီးသွားသည့် ဆိုင်ကယ်ကိုရပ်ထားပြီး ရာအိမ်မှူး ၏ လက်ထဲတွင် ဆိုင်ကယ်သော့ကိုသာ တွေ့ရှိပြီး အုပ်ချုပ်ရေးမှူး ကိုင်ဆောင်သွားသည့် ဖုန်းနှစ်လုံးမှာ ပျောက် ဆုံးလျှက်ရှိသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ဆိုသည်။

အဆိုပါ အုပ်ချုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ နှစ်ဦးသည် အောက်တိုဘာ ၇ ရက်နေ့လည်ပိုင်းက ဘုန်းကြီး ကျောင်းတွင်ရှိနေချိန် တစ်စုံတစ်ဦးက ဖုန်းဖြင့် ခေါ်ဆိုလာပြီးသောကြောင့် ဖုန်းဖြင့်ခေါ်ဆိုသည့် နေရာကို သွား ရာမှ ပျောက်ဆုံးသွားခဲ့ပြီး ဆင်ဘိုမြို့နှင့်တစ်မိုင်ခန့်အကွာ မြင်သာကျေးရွာအနီး ကိုးလောင်းကွေ့တွင် တုတ်ဖြင့် ရိုက်သတ်ခံထားရသည့် အလောင်းများသာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...