အမျိုးသမီး တစ်ဦးအပါအဝင် ဗျူစောထီ အဖွဲ့ဝင် ၃ ဦးကို ပစ်သတ်

အမျိုးသမီး တစ်ဦးအပါအဝင် ဗျူစောထီ အဖွဲ့ဝင် ၃ ဦးကို ပစ်သတ်

အမျိုးသမီးတစ်ဦး အပါအဝင် ပျူစောထီးအဖွဲ့ဝင် ၃ ဦးကို လောင်းလုံးမြို့နယ်ထဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပူးပေါင်းရှင်းလင်းခဲ့သည်ဟု သိရသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး တို့ ကို အောက်တိုဘာလ ၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က PDF အဖွဲ့များက ပူးပေါင်း ရှင်းလင်းခဲ့ရာ လက်နက် အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု လောင်းလုံး LLPDF အဖွဲ့က ထိုနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထား သည်။

“သူတို့က ပျူခေါင်းဆောင် ငဇော် ရဲ့ တပည့်အရင်းတွေပါ။ လက်နက်ကိုင်ပြီး ရွာသားတွေကို အကြောင်းအမျိုး မျိုးနဲ့ ဒုက္ခပေးနေတာ တိုင်ကြားချက်တွေနဲ့ အထောက်အထား ခိုင်လုံမှုတွေ ရှိနေတာမို့ အခုလို လုပ်ဆောင်ခဲ့ ရ တာပါ” ဟု LLPDF အဖွဲ့ဝင် တစ်ဦး က ပြောသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင် ၃ ဦးတို့မှာ ပန္ဒလဲကျေးရွာအနီး ပစ်ခတ်ရှင်းလင်းခံခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများမှာ ဒေါ်တင်ရှိန်၊ ဦးသောင်းနိုင်နှင့် ကိုမင်းနိုင် တို့ဖြစ်ကြပြီး ၎င်းတို့ကို ပစ် ခတ်ရှင်းလင်းပြီးနောက် လက်လုပ် ၉ လုံးကျည် သေနတ် အတိုတစ်လက်၊ ကျည်ဆံ ၃ တောင့်၊ ငွေ ၆၃၈၀၀ ကျပ်၊ ဖုန်း ၂လုံး၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်တစ်စီး၊ ပျူစောထီး မှတ်တမ်း စာရင်းနှင့် အရေးကြီး စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု လောင်းလုံး LLPDF အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်များအား ပစ်ခတ်မှုကို လောင်းလုံး LLPDF နှင့် DDT တပ်ခွဲ ၃ တို့က ပူးပေါင်း ပြုလုပ် ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၊ သတင်းပေး ထောက်တိုင်များနှင့် ပျူစောထီးအဖွဲ့ဝင်များကို အလျင်းသင့်သလို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့ကြောင့် အမြန်ဆုံး အလင်းဝင်ပေးကြရန်ကိုလည်း ထုတ်ပြန်ချက်အတွင်း သတိပေးရေးသား ဖေါ်ပြထား သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ်၊ ကျောက်မတ်တပ်ကျေးရွာမှ ငွေကောက်ပြီး ပြန်လာ သည့် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေဆုံးပြီး ကာ ဘိုင် သေနတ်တစ်လက်၊ ကျည်ကပ် ၄ ကပ်၊ ကျည် ၆၆ တောင့်၊ ၁၆ ကျည် အတို ၁ ကပ်၊ AK ကျည် ၁ ကပ်၊ 9MM ကျည်ပစ် လက်လုပ်အတို ၁ လက်နှင့် ဦးထုပ် ၁ လုံး တို့ကို သိမ်းဆည်းရရှိ ခဲ့သေးသည် ဟု ပြောသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...