ဖာပွန်မြို့နယ်ရှိ ကမမောင်းနှင့် ကတိုင်တိကျေးရွာကို ဆက်သွယ်ထားသည့် လမ်း၊ တံတားများမှာ တိုက်ပွဲကြောင့် ပျက် စီးမှုများရှိနေသဖြင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
“ကတိုင်တိနားက ရွာတွေလောက်ပဲ လာလို့ရတယ်။ ကမမောင်းဘက်တွေဆို သွားလို့မရဘူး။ ကတိုင်တိ − ကမမောင်း ကိုဆက်ထားတဲ့ တံတားတွေက ရှော့တိုက်မိုင်းထိပြီး ပျက်စီးကုန်ပြီလေ။ ကားလမ်းတွေက တော်တော်ပျက်နေပြီ။ တံတားတွေလည်း မရှိတော့ဘူး။”ဟု အမည်မဖော်လိုသူ ကတိုင်တိကျေးရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလပိုင်းတွင် မြိုင်ကြီးငူဒေသ၊ အုန်းတောကျေးရွာကို ကမ်းကူးသည့် စစ်ကောင်စီတပ်၏ ကုန် တင်ယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက် ခံခဲ့ရသည့် အတွက် နယ်ခြားစောင့်တပ်-BGF က ကျေးရွာရှိလှေဆိပ်များကို သွားလာခွင့် ပြန်ပိတ်လိုက်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကတိုင်တိကျေးရွာအုပ်စု၊ ကိုင်းတောရွာအနီး ဘောကျို့လယ်ရွာအတွင်း တည်ဆောက်ထားသည့် ကညင်ဒုံ တံတားရှိ ကတိုင်တိကျေးရွာအခြေစိုက် အမှတ်(၁၀၁၃)၊ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်းငယ်တစ်ခုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသတွင်း သတင်း အရင်းမြစ်များထံမှ သိရသည်။
အဆိုပါရွာသားက “ပြီးခဲ့တဲ့လက မြိုင်ကြီးငူ အုန်းတောကူးတဲ့ ကားတင်ယာဉ်ကြီး ဗုံးခွဲခံထိတော့ ရွာကလှေတွေကို ကမမောင်းအထိ မပေးဆင်းတော့ဘူး။ ကမမောင်းမရောက်ခင် ဖောထီးခုရွာအထိပဲ ပေးလာတယ်။ လှေဂိတ်က ဟိုတစ် ခါပဲ ပြန်ဖွင့်ပေးတယ်။ အခုက ပြန်ပိတ်ထားလိုက်ပြီ။”ဟု ပြောဆိုသည်။
ပြီးခဲ့သည့်လမှစ၍ မြိုင်ကြီးငူဒေသထဲသို့ BGF ဘက်က အင်အားအလုံးအရင်းဖြင့် နှစ်ကြိမ်ခန့် စစ်အင်အား ဖြည့်တင်း ထားပြီး ကေအဲန်ယူ တပ်မဟာ (၅) ဘက်သို့ စေလွှတ်ရန် လုပ်ဆောင်နေသလို
တပ်မဟာ (၅) ဒေသတွင်လည်း တိုက်ပွဲ များ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။







