NLD ရပ်ကျေး ဥက္ကဌ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်း

NLD ရပ်ကျေး ဥက္ကဌ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်း

PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ဟင်္သာတမြို့ပေါ် ရပ်ကွက်က NLD ရပ်ကျေး ဥက္ကဋ္ဌ တစ်ဦး ၏ နေအိမ်ကို စစ်ကောင်စီ က ချိပ်ပိတ်သိမ်းဆည်းလိုက်သည် ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ် ရပ်ကွက်က NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်း ဆိုသူ၏ နေအိမ် ချိပ်ပိတ် ခံလိုက်ရခြင်း ဖြစ်သည်။

“ဦးမောင်မောင်ဆန်း က PDF နဲ့ ပတ်သက်တယ်ဆိုပြီး တပ်ကပြောတယ်။ တပ်ကနှင်ခိုင်းလို့ လက်ရှိအိမ်ပေါ် လူ တွေကို ဖယ်ပေးဖို့ပြောထားတာကြာနေပြီ အခုမှ နှင်ချခံရတာ” ဟု အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြော သည်။

PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ဦးမောင်မောင်ဆန်း ၏ ဟင်္သာတမြို့၊ တာလေးရပ်ကွက် ဗဂျီးနီးယား ၆ လမ်းက နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ စစ်သားများ၊ ရဲများ နှင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့က လာရောက်ချိပ်ပိတ်သွားခြင်း ဖြစ်သည်။

ယခုနှစ်၊ ဇန္နဝါရီလ ကတည်းက NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်း၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် မည်ဟု လာရောက် သတိပေးထားသော်လည်း အိမ်တွင် နေထိုင်သူ ဆွေမျိုးသားချင်းများ ရှိနေသေးသဖြင့် စက် တင်ဘာလ ၂၉ ရက်နေ့တွင် ဗီနိူင်းကပ်ပြီး ဖယ်ခိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဆက်သိရသည်။

လက်ရှိ ချိပ်ပိတ်ခံလိုက်ရသည့် အိမ်သည် NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးမောင်မောင်ဆန်း တစ်ဦးပိုင် မဟုတ်ဘဲ ၎င်း၏ ဆွေမျိုးများနှင့်လည်း သက်ဆိုင်သည့် ဘိုးဘွားပိုင် အမွေဆိုင် အိမ်ဖြစ်သည်ဟု မိသားစု အသိုင်းအဝိုင်းနှင့် နီးစပ် သူအချို့ထံမှ သိရသည်။

“ချိပ်ပိတ်ခံရတဲ့ အိမ်က အမွေဆိုင်အိမ်ပါ။ အခုနင်ချခံရတာက ကိုမောင်မောင်ဆန်းတို့ မိသားနဲ့ အတူနေ ဆွေ မျိုးသားချင်းတွေပါ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ဦးမောင်မောင်ဆန်း အား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီတပ် ဖွဲ့က လိုက်လံဖမ်းဆီးနေသောကြောင့် မိသားစုလိုက် ထွက်ပြေးတိမ်း ရှောင်နေသည်မှာ တစ်နှစ်နီးပါးရှိနေပြီဟု ဒေသခံများ က ပြောသည်။

လက်ရှိတွင် ဦးမောင်မောင်ဆန်းနှင့် မိသားစု မရှိသော်လည်း အမွေဆိုင်အိမ်တွင် လက်ရှိနေထိုင်နေသည့် ၎င်း၏ ကျန် ဆွေမျိုးမိသားစုများကို စစ်ကောင်စီက ပစ္စည်းများ သိမ်းခိုင်းပြီး အိမ်ပေါ်က ဖယ်ခိုင်းကာ နေအိမ်ကို ချိပ် ပိတ်လိုက်ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဟင်္သာတမြို့တွင် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏ နေအိမ်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၇ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်း ဆည်းထားပြီး ဖြစ်သည်ဟု မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...