လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်၂၃ နှစ်အထိ ချမှတ်ခံထားရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်၂၃ နှစ်အထိ ချမှတ်ခံထားရ

အသက် ၇၇ နှစ်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားစွဲဆိုထားတဲ့ အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြံပေး မစ္စတာရှောင်တာနယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းထောင်ဒဏ် ၂၃အထိ ချမှတ်ခံနေရတာပါ။

နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်လိုက်တာဖြစ်ပြီး ဒီလိုစစ်ကောင်စီရဲ့ မတရားတဲ့ လုပ်ရပ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း အပြင်း အထန် ရှုတ်ချတယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုစစ်ကောင်စီရဲ့ အမိန့်ချမှတ်မှုဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုထိရောက်စေဖို့ နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ တောင်းဆိုချက်တွေ၊ ညှိနှိုင်းဖြေရှင်းချက်တွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်မှာ ထပ်မံတောင်းဆိုထားပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုနှစ်ရှည်ထောင်ဒဏ်တွေ မဖြစ် ဖြစ်အောင် အမှုပေါင်းများစွာနဲ့ ချမှတ်မှုကို ကြည့်ယုံနဲ့ စစ်ကောင်စီရဲ့ မတရားမှုဟာ သိသာနေပါတယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရားမျှတမှုတွေကို စစ်ခုံရုံးတွေက သိမ်းယူထားတာဟာ အခြေခံအခွင့်အရေးတွေကို ပြင်းထန်စွာချိုးဖောက်နေတာ ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေတာ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအမှုအပါအဝင် အမှုစုစုပေါင်း ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ်အထိ ချမှတ်ခံထားရပြီး ကျန်ရှိတဲ့ အဂတိအမှု ၇ မှုကိုလည်း ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...