ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း ကျန်းမာရေးဝန်ထမ်း မရှိခြင်းကြောင့် ဒေသခံများ အခက်ကြုံ

ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း ကျန်းမာရေးဝန်ထမ်း မရှိခြင်းကြောင့် ဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စုက ကျေးလက်ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ဒေသခံတွေ အခက် ကြုံနေရပါတယ်။

ကျေးလက် ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေရှိစဉ်က ကျန်းမာရေး ကိစ္စရပ်အတွက် ငွေအကုန်အကျ သက်သာခဲ့ ပေမယ့် အခု နောက်ပိုင်း  ပြင်ပဆေးခန်းတွေမှာ ကုသနေကြရပြီး ငွေအကုန်အကျ များတာကြောင့် ခက်ခဲမှုတွေရှိတယ်လို့  ရှဒူးဇွပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုကျွန်တော်တို့ ဖျားနာရင်က တော်တော်တော့ ကုန်တာပေါ့နော်။ အပြင် ဈေးနဲ့ဝယ်ရင် ဆေးတစ်ချောင်းထိုးရင်ဘယ်လောက်၊ အဲဒါတွေ အဆမတန်များ လာတာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အဲဒီကျေးရွာအုပ်စုက ကျန်း မာရေးဝန်ထမ်းအများစုဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သွားကြတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် အခုနောက်ပိုင်း သူခိုးတွေကနေ ဆေးရုံဆေးခန်းတွေက ပစ္စည်းတွေကို  ခိုးယူသွားတာတွေရှိတယ်လို့လည်း ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ သူခိုးတွေခိုးလို့ ပစ္စည်းတွေ ဘာမှမရှိတော့ဘူး။ အဲဒါကြောင့် အဆောက်အဦကိုတောင် လူစောင့်ဖို့ ရွာကနေ လူခေါ် လစာပေးပြီးစောင့်ခိုင်းထားတာ။ ကုတင်တွေကအစ ပန်ကာကပ်ထားတာတွေဖြုတ် ၊ရေစင်တွေရော ဖြုတ်ယူလိုက်တာ။ “လို့ ဝါရာဇွပ်ဒေသခံက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝါရာဇွပ်ကျေးရွာအုပ်စုမှာ သာမက ပူတာအိုမြို့နယ်က ကျေးရွာအချို့မှာလည်းကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် အဲဒီဒေသဘက်က ကိုယ်ဝန်ဆောင်မိခင်တွေဟာ အလှမ်းဝေးတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့် ရှောက်မှု တွေ သွားရောက်ခံယူနေကြရပါတယ်။

ဓါတ်ပုံ- ပုံဟောင်း ဖြစ်ပါသည်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...