ကြွက်ဘေးကြောင့် ဒုက္ခရောက်နေသည့် အိမ်ခြေ တစ်ထောင်ကျော်ကို အခြေခံစားသောက်ကုန်များ ထပ်မံကူညီမည်

ကြွက်ဘေးကြောင့် ဒုက္ခရောက်နေသည့် အိမ်ခြေ တစ်ထောင်ကျော်ကို အခြေခံစားသောက်ကုန်များ ထပ်မံကူညီမည်
JHG - ကြွက်ဘေးကြောင့် ဒုက္ခရောက်နေသူများအား သွားရောက်ကူညီစဉ်။
JHG - ကြွက်ဘေးကြောင့် ဒုက္ခရောက်နေသူများအား သွားရောက်ကူညီစဉ်။

ကြွက်ဘေးကြောင့် ဒုက္ခရောက်နေတဲ့ အိမ်ခြေ တစ်ထောင်ကျော်လောက်ကို ကချင်ရိုးရာယဉ်ကျေးမှုနဲ့ စာပေအဖွဲ့ချုပ် (JHG)ကနေ ဦးစီးပြီး အခြေခံစားသောက်ကုန်တွေကို ထပ်မံကူညီနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တီယန်ဇွပ်ကျေးရွာကနေ ဆက်သွားရတဲ့ ဧရာဝတီမြစ် အရှေ့ဘက်အခြမ်းက ‌နမ်သာယန်၊ လယန်ဘွမ်ရွန်း၊ အင်ဒွပ်ကထောင်၊ အင်ဂေါင်အင်ပွန်စတဲ့ ကျေးရွာ(၆)ခုက  အိမ်ခြေတစ်ထောင်ကျော်အတွက် အောက်တိုဘာလ လယ်လောက်မှာ ဆန်တွေ လှုဒါန်းသွားနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ JHG တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ခုချိိိန်က ခက်ခဲ့တာတွေလည်း ရှိတော့။ အခက်အခဲတွေကြားကနေအိမ်ခြေ (၁) ထောင်ကျော်ကို ဆန်ပို့ပေးရမှာ ဆိုတော့။ ခုဆန်တွေ စုနေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၇) ရက်နေ့ကလည်း ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကြွက် ဘေးကြောင့် ဒုက္ခရောက်နေတဲ့လိုင်ဝါယန်ရွာ၊ ဇွပ်ခါးရွာ၊ ကဒ်ရန်ယန်ရွာ၊ တရိုခ ရွာ၊ ဆူးယာန်ရွာ၊  ခဂရန်ယာန်ရွာ၊ မိုင်ထောင်ရွာ၊ ဆုယန် ရွာနဲ့ အင်တာဂလု ရွာတွေက စုစုပေါင်းအိမ်ခြေ (၂၅၄) အိမ်ခြေကို ကချင်ရိုးရာယဉ်ကျေးမှုနဲ့ စာပေအဖွဲ့ချုပ် (JHG) ကနေဦးစီးပြီး အခြေခံစားသောက်ကုန်တွေကို လှုဒါန်းပေးခဲ့ပါတယ်။

အခု နောက်ထပ် ပြန်လည် လှူဒါန်းသွားမယ့် အိမ်ထောင်စု တစ်ထောင်ကျော်အတွက် မိမိတတ်နိုင်တဲ့ဘက်က ကူညီလှူဒါန်းချင်သူတွေ အနေနဲ့ JHG ဆီ ဆက်သွယ်ပြီး ပါဝင်လှူဒါန်း နိုင်တယ်လို့လည်း ပြောပါတယ်။

စပါးခင်းတွေ ကြွက်စားတဲ့ဒဏ်ကို မြစ်ဆုံ-ပူတာအို လမ်းပေါ်က တီယန်ဇွပ်ကျေးရွာနဲ့ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းပူတာအိုခရိုင်ထဲက ကျေး ရွာအများစုမှာ ကြုံတွေ့နေကြရပါတယ်။

Most read this week

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...