မိုးဗြဲမြို့ ကာလဝါရီတောင်ပေါ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား၊ မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၂ ဦးကျဆုံး

မိုးဗြဲမြို့ ကာလဝါရီတောင်ပေါ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား၊ မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၂ ဦးကျဆုံး

မဇ္ဈိမ ။ ။ ရှမ်း- ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ လွယ်ယင်းမဂ်လာကျေးရွာ ကာလဝါရီတောင်ပေါ်သို့ ထိုးစစ်ဆင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးမှုရှိကာ မဟာမိတ်တပ်ပေါင်းစုဘက်မှလည်း ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF က ယမန်‌နေ့ စက်တင်ဘာလ ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကာလဝါရီတောင်ပေါ်တွင် ယမန်နေ့ နံနက် ၃ နာရီ ၃၀မိနစ်အချိန်မှစ၍ ည ၆နာရီ အချိန်ထိ စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တပ်ဖွဲ့များ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်။

" သူတို့ဘက် ထိုးစစ်ဆင်လာတဲ့အတွက် မနက် ၃ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်တာ၊ ကင်းယူထားတဲ့ လမ်းကြောင်းအတိုင်း ထိုးလာလို့ ထိပ်တိုက် တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတဲ့အခြေအနေပါ" ဟု နေပြည်တော် PDF (၈၀၄) တပ်ရင်းမှ တပ်ခွဲမှူး ဆင်ကြီးက မဇ္စျိမကို ပြောဆိုထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ အကျအဆုံးကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖက်မှ အသေးစားဒဏ်ရာရ လေးဦး၊ စိုးရိမ်ဒဏ်ရာရ သုံးဦးနှင့် တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရသည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

ယခုအချိန်ထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကို ဆက်လက်တောင့်ခံနေဆဲဖြစ်ပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိကာ ပြည်သူများအနေဖြင့် မိုးဗြဲမြို့တွင်း အသွားအလာလုံးဝ မပြုလုပ်ကြရန် မိုးဗြဲ PDF က သတိပေးထားသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စတင်ဘာလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့လာခဲ့ကာ ကရင်နီတပ်ပေါင်းစုများ၏ ခုခံစစ်ကြောင့် အထိနာက စတင်ဘာလ ၁၂ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီး စက်တင်ဘာလ ၁၉ရက်မှစ၍ လက်ရှိအချိန်ထိ မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းဖြင့် တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...