ကချင်ပြည်နယ်တိုက်ပွဲများကြောင့် အိမ်ထောင်စု ၁၀၀ ကျော် ရွှေကူသို့ စစ်ရှောင်

ကချင်ပြည်နယ်တိုက်ပွဲများကြောင့် အိမ်ထောင်စု ၁၀၀ ကျော် ရွှေကူသို့ စစ်ရှောင်

စစ်ကောင်စီတပ်နှင့် KPDF တပ်ဖွဲ့တို့အကြား ကချင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ အိမ်ထောင်စု ၁၀၀ ကျော် ရွှေကူမြို့ပေါ်ကို စစ်ဘေးရှောင်နေရသည်ဟု မြို့ခံများက ပြောသည်။

ရွှေကူမြို့နယ်၊ မိုးစစ်ရွာ အနီးတဝိုက်တွင် စက်တင်ဘာလ ၂၃ ရက်မှစတင်၍ စစ်တပ်နှင့် KPDF တို့အကြား တိုက် ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။

ရွှေကူ ဒေသခံ အမျိုးသားတစ်ဦး က “ညနေကြရင်တော့ လှုမှုကူညီရေး အသင်းတွေကနေ ထမင်းထုပ် သွားဝေ ပေးဖို့ ရှိတယ်။ တခြားကျနော်တို့ မသိတဲ့ လက်လှမ်းမမှီတဲ့ နေရာတွေမှာ နေနေကြတဲ့လူတွေလည်း ရှိနိုင်သေး တယ်။ အမျိုးအိမ်တွေမှာနေပြီး စားတာတွေ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားနေတဲ့ သူတွေလည်း ရှိတယ်” ဟု ပြော သည်။

တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မိုးစစ်ကျေးရွာထဲတွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့်အတွက် စက် တင်ဘာလ ၂၄ ရက်နေ့က ဒေသခံများ စစ်ဘေးရှောင်လာကြပြီး ရွှေကူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံ အချို့တို့တွင် ခိုလှုံနေကြသည်ဟု ရွှေကူဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က ရွှေကူမြို့နယ်၊ ကျွန်းတော်ကျေးရွာဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ရာ ကျည်ထိမှန်ပြီး မိုးစစ်ကျေးရွာက မောင်ဇွဲနိုင်မိုးဆိုသည့် အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ အရပ်သား ၇ ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဒေသခံများက ပြောသည်။

မိုးစစ်ကျေးရွာအတွင်း လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် မောင်ဇွဲနိုင်မိုးဆိုသည့် ကလေးငယ် တစ်ဦး သေဆုံးသည့်ပုံကို လူမှုကွန်ရက်ပေါ် တင်လိုက်သည့် နောက်တွင် မိုးစစ်ကျေးရွာက ဒေသခံများ၏ အိမ် များကိုလည်း စစ်ကောင်စီ တပ်သားများက ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည် ဒေသခံများက ပြောသည်။

ဆင်တပ်နှင့် ရေလဲကျေးရွာတို့တွင်လည်း စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ် စောင့်ဆိုင်းနေခြင်းမျိုး ပြုလုပ် နေကြသည့် အတွက် ဒေသခံများ မနေရဲကြသဖြင့် ရွှေကူမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...