ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သောသတင်းစကားပေးပို့

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သောသတင်းစကားပေးပို့

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သော သတင်းစကားပေးပို့ ခဲ့သည်ဟု Dhaka Tribune တွင် ‘Bangladesh Army sent strong message to Myanmar’ခေါင်းစဉ်ဖြင့် ယနေ့ သတင်းဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်တစ်လျှောက် အခြေအနေကို စောင့်ကြည့်နေပြီး ငြိမ်းချမ်းမှုရရှိစေရန် နှစ်နိုင်ငံကြား ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

“ ကျွန်တော်တို့ မြန်မာနဲ့ ဆက်သွယ်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကို သတိထားဆောင်ရွက်နေပါတယ်”  ဟု ဘင်္ဂလာစစ်ဦးစီးချုပ်က ဗုဒ္ဒဟူးနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။ သူက ထပ်လောင်းပြီး “ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး Shafiuddin က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကာကွယ်ရေး ဦးစီးချုပ်ထံဆက်သွယ်ပြီး ပြင်းထန်သောမက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်ဦးစီးချုပ်က ပြောသည်မှာ ခွဲထွက်ရေးအုပ်စုသည် နယ်စပ်ဒေသတွင် တင်းမာမှုများဖြစ်ရန် ဖန်တီးကြိုးစားနေကြောင်း၊ "သူတို့လုပ်တာမဟုတ်ကြောင်း" တုံ့ပြန်ပြောဆိုသည်ဟု ဆိုသည်။

ဒက္ကားမြို့တွင် ပြုလုပ်ခဲ့သည့် ၎င်းဆွေးနွေးပွဲကို “ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘင်္ဂလားဒေ့ရှ် အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin Choudhury နှင့် သံအမတ်ကြီး Shahidul Huq တို့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နယ်စပ်တင်းမာမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရးဝန်ကြီးဌာနသည် မြန်မာသံအမတ်ကြီးကို တနင်္ဂနွေနေ့က စတုတ္ထအကြိမ် ဆင့်ခေါ်ပြီး ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆိုရီမြို့နယ်၊ ခေါင်တုံး နယ်စပ်ဒေသတွင် မြန်မာဘက်က သေနတ်ကျည်ဆံများနှင့်  မော်တာကျည်ဆန်များ  ကျရောက်ခဲ့ပြီး ဒုက္ခသည်တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရသည့် ဖြစ်စဉ်များကို ကန့်ကွက်ခဲ့သည်။

တနင်္လာနေ့ကလည်း မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Chowdhury အား ဆင့်ခေါ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုနှင့် မော်တာကျည်ဆန်များ နှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြခဲ့ကြောင်း သတင်းကဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဗျူဟာမြောက်လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရက္ခိုင့်တပ်မတော် (AA) နှင့် ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (Arsa) တို့ကတပ်မတော်ကို တိုက်ခိုက်စဉ် ၎င်းတို့က ပစ်ခတ်ခဲ့သော မော်တောကျည်ဆံများ ဖြစ်ကြောင်း ပြောကြားသည်။

အေအေကနယ်ခြားစောင့်ရဲ (BGP) ကင်းစခန်းများကို စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ တိုက်ခိုက်ခဲ့ပြီး ယင်းကာလအတွင်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း အနည်းဆုံးမော်တာကျည် ၁၂ လုံး ကျရောက်ခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...