ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် ၃ ပြီးမြောက်

ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် ၃ ပြီးမြောက်

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ကို ထန်တလန်မြို့နယ် တစ်နေရာရှိ သင်တန်းကွင်းတွင် စက်တင်ဘာလ (၅) ရက်မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ သင်တန်းပေးပို့ချခဲ့သည်ဟု သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၅၆ ဦးတက်ရောက်ခဲ့ပြီး ကရာတေး (karate)၊ အခြေခံရဲလုပ်ငန်း၊ ဥပေဒ ၊ အမှုစစ်နည်းများကို သင်ကြားပို့ချကာ သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကိုလည်း သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

သင်တန်းပြီးမြောက်ပြီးသော ရဲတပ်ဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့၏ ရည်မှန်းချက်အတိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို CDF-Thantlang စိုးမိုးနယ်မြေရှိရွာများတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တရားဥပဒေနှင့်အညီ လုပ်ငန်းတာဝန််အသီးသီး ထမ်းဆောင်သွားကြမည်ဟု ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ထုတ်ပြန်သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...