ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် ၃ ပြီးမြောက်

ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် ၃ ပြီးမြောက်

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ကို ထန်တလန်မြို့နယ် တစ်နေရာရှိ သင်တန်းကွင်းတွင် စက်တင်ဘာလ (၅) ရက်မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ သင်တန်းပေးပို့ချခဲ့သည်ဟု သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၅၆ ဦးတက်ရောက်ခဲ့ပြီး ကရာတေး (karate)၊ အခြေခံရဲလုပ်ငန်း၊ ဥပေဒ ၊ အမှုစစ်နည်းများကို သင်ကြားပို့ချကာ သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကိုလည်း သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

သင်တန်းပြီးမြောက်ပြီးသော ရဲတပ်ဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့၏ ရည်မှန်းချက်အတိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို CDF-Thantlang စိုးမိုးနယ်မြေရှိရွာများတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တရားဥပဒေနှင့်အညီ လုပ်ငန်းတာဝန််အသီးသီး ထမ်းဆောင်သွားကြမည်ဟု ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ထုတ်ပြန်သည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...