ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီမှ အင်အားတိုးချဲ့နေသည့်အပြင် ရွာ အပြင်ထိပါ ခံတပ်ဆောက်လုပ်နေဟုဆို

ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီမှ အင်အားတိုးချဲ့နေသည့်အပြင် ရွာ အပြင်ထိပါ ခံတပ်ဆောက်လုပ်နေဟုဆို

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်ကနေ စစ်အင်အားတွေ တိုးချဲ့နေတဲ့အပြင်  ခံတပ်တွေကိုလည်း ကျေးရွာ အပြင်ဘက်တွေထိပါ ဆောက်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းနောက်ကျောမှာရှိတဲ့ စစ်တပ်ကုန်းနဲ့ ဘုရားငါးဆူအနီးမှာ ခံတပ်တွေကို အမာခံ ဆောက်လုပ်ထားတဲ့အပြင်လက်ရှိမှာတော့ ဘုရားငါးဆူနဲ့ မိုင်တစ်ဝက်ခန့်အကွာ ဆယ်ဇင်းကျေးရွာ အဝင်ဘက်တွေထိပါ ခံတပ်တွေကိုပြန်လည်ဆောက်လုပ်နေတာ (၁၅) ရက်လောက်ရှိပြီဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအမျိုး သမီးတစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဗုံးတွေထောင်တယ်။ မိုင်းကွဲမယ့်ဟာတွေ ထောင်ပြီးတော့ သူတို့ ဆောက်နေတယ်။ ရွာတွင်းထဲမှာလည်း ခံတပ်ကိုတစ်နေရာ ထပ်ပြီးချဲ့တော့ (၃) နေရာ ဖြစ်သွားတာပေါ့လေ” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ဆယ်ဇင်းကျေးရွာအတွင်း အခုလိုမျိုး ခံတပ်အမာခံ တည်ဆောက်နေရတာဟာလမ်းကြောင်းအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် လမ်းကြောင်းထိန်းချုပ်ခွင့်ရရှိဖို့နဲ့ နယ်မြေစိုးမိုးရေးမှာ ပိုပြီး အဆင်ပြေချောမွေ့စေဖို့ ဖြစ်နိုင်တယ်လို့ လည်း သက်လတ်ပိုင်းအရွယ် ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို သုံးသပ်ပြောဆိုပါတယ်။

“မြို့နယ် (၃) မြို့နယ်ရဲ့ ဆုံချက် ဖားကန့်ရယ်၊ ဟုမ္မလင်းရယ်၊ မိုးညှင်းရယ် ဆုံချက် လမ်းကြောင်းအရအရေးပါတယ်။ ခုဖြစ်သွားတဲ့အခြေအနေအရ စကစက နေရာဦးပြီးတော့ လမ်းကြောင်း ထိန်းချုပ်ခွင့် ရသွား တဲ့ သဘောပါပဲ” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဘက်ကနေ လူအင်အားတွေဆက်လက် ဖြည့်တင်းလျက်ရှိပြီး စစ်ကောင်စီဘက်ကနေ ကျေးရွာတွင်း သေနတ်တွေ မကြာခဏ ရမ်းသမ်းပစ်ခတ်နေပြီးတော့ အနီးနားက မှော်တွေကနေ ထွက်ပြေးတဲ့ သူတွေကိုလည်း PDF တွေလို့ ယူဆပြီး သတ်ဖြတ်တာတွေလည်း ရှိနေတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့က စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီကနေ ဒေသခံတွေရဲ့ လူနေအိမ် (၄၀၀) လောက် မီးရှို့ဖျက်ဆီးခံခဲ့တဲ့အပြင် ဒေသခံ (၅၀) လောက်ကိုလည်း သတ်ဖြတ်ခဲ့ပြီး  လူဦးရေ (၂၀၀၀) လောက် အခုချိန်အထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...