နမ့်ယားကျေးရွာတွင် ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

နမ့်ယားကျေးရွာတွင် ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
နမ့်ယားကျေးရွာ ရွာလယ်လမ်းမကြီးအား တွေ့ရစဉ်
နမ့်ယားကျေးရွာ ရွာလယ်လမ်းမကြီးအား တွေ့ရစဉ်

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဖားကန့်သွားလမ်း ပေါ်မှာရှိတဲ့ နမ့်ယာကျေးရွာနေ ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်း ဆိုသူဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာ ဦးထွန်းထွန်းဟာ တပ်စခန်းကုန်းကနေ နမ့်ယားကျေးရွာ ရပ်ကွက် (၁) မှာရှိတဲ့ သူ့ရဲ့နေအိမ်ကိုပြန်လာတဲ့အချိန် နေအိမ်အဝင်ဝနားမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ နမ့်ယားကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ဟုတ်တယ်။ ဒီမနက် ၇ နာရီခွဲလောက် မှာ။ သူကတပ်စခန်းကုန်းမှာ သွား အိပ်ပြီးတော့ ဆင်းလာတဲ့အချိန် အိမ်အဝင်ဝနားမှာ ဘယ်သူတွေလဲတော့မသိဘူး လာပစ်သွားတာ။ ဦးထွန်းထွန်းတဲ့။ ရှမ်းနီခေါင်းဆောင်ဟုတ်တယ်" လို့ဒေသခံက ပြောပါတယ်။

အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ပြည်သူ့စစ်အဖွဲ့တွေဟာ သူတို့ရဲ့ စခန်းကုန်း ကနေ သေနတ်ပစ်ဖောက်ဆင်းလာပြီး လက်နက်ကြီး တွေလည်းရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။

" သူတို့စခန်းကုန်းကနေ လိုက်ဆင်းလာပြီးပစ်တယ်။လက်နက်ငယ်သံတွေ တော်တော် ပစ်တယ်။ ခင်တောင် ( hkin tau) ရွာဘက် ကိုလဲ တော်တော်လေးပစ်ပေးတယ်တဲ့" လို့ ဆိုပါတယ်။

ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေဟာ နမ့်ယားကျေးရွာမှာ ဂိတ်စခန်းထိုင် ထားတာဖြစ်ပြီး ဖြတ်သွား/လာတွေကို စစ်ဆေးမေးမြန်းတာတွေ၊ ဆိုင်ကယ်နဲ့လာတဲ့ ခရီးသွားတွေကို ဆိုင်ကယ်ဆင်းတွန်းခိုင်းတာတွေနဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်နေတဲ့  ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အထက်ပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးထွန်းထွန်းကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

ပုံဟောင်းဖြစ်ပါသည်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...