မြစ်ကြီးနားမြို့အနီး လီဆူတိုင်းရင်းသားကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်

မြစ်ကြီးနားမြို့အနီး လီဆူတိုင်းရင်းသားကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်

မြစ်ဆုံသွားသည့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အာလမ်ကျေးရွာတွင် လီဆူတိုင်းရင်းသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး၊ အလောင်းကို ချက်ချင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာ ရပ်ကွက် (၂) တွင် နေထိုင်သည့် ဒေသခံ လီဆူအမျိုးသားဖြစ်သည့် ဦးလာမားဒီးအား ယမန်နေ့ည ၁၀ နာရီအချိန်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ (ဒေသအခေါ် မြစ်ကြီးနားမြို့စောင့်တပ်) အမှတ် (၃၇) ခလရ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ပစ်သတ်ပြီး အလောင်းကို မိသားစုရှေ့၌ ညတွင်းချင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

"မြစ်ဆိပ်ဘက်ကိုသွားဖို့ အိမ်ကနေအထွက်မှာ စစ်ကြောင်းနဲ့တိုးရော၊ အာ့မှာ စစ်သားတွေက ပစ်သတ်လိုက်တာပဲ၊ အလောင်းကိုကျတော့ မြစ်ကနေဆယ်ထားတဲ့ မြစ်ကမ်းနံဘေးက ထင်းပုံမှာ ပုံပြီးမီးရှို့လိုက်ကြတယ်" လို့ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူသည် ဧရာဝတီမြစ်ဆိပ်ရှိ မိသားစုပိုင် ဖောင်သွားကြည့်ရန် အိမ်အထွက်နားတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး၊ ထိုပစ်သတ်မှုဖြစ်ပွားနေချိန်တွင် မိသားစုများအား နေအိမ်မှ အပြင်မထွက်ရန် စစ်ကောင်စီတပ်သားများက တားမြစ်ထားပြီး မိသားစုဝင်များ၏ ဖုန်းများပါ သိမ်းယူသွားကြောင်း သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၅နှစ်အရွယ်ရှိပြီး၊ သား နှစ်ဦး၏ ဖခင်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်များက အာလမ်ကျေးရွာအုပ်စုအနီး သွားလာနေသော ပြည်သူများကိုလည်း အတင်းအကျပ်စစ်ဆေးမေးမြန်းပြီး၊ ရွာလုံးကျွတ်မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်က အခိုင်အမာ ဆိုသည်။

ဓာတ်ပုံ - ဥဦးလာမားဒီး၏အလောင်း မီးရှို့ခံထားရသည့် နေရာ

စာတည်း - သန့်ဇော်(သန်လျင်)

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...