မြန်မာဘက်က မော်တာကျည် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ လူငယ် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

မြန်မာဘက်က မော်တာကျည် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ လူငယ် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

မြန်မာဘက်က မော်တာကျည်ပစ်ခတ်မှုသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံးကာ အနည်းဆုံး လူ ခြောက်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဌာနေတာဝန်ရှိသူများနှင့် ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးတို့က ပြောသည်။

သောကြာနေ့ နှောင်းပို်ငး မော်တာကျည် ပေါက်ကွဲမှုအတွင်း ယင်း လူငယ် သေဆုံးခဲ့ရခြင်းဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ ၄,၀၀၀ နီးပါး နေထိုင်ရာ no-mans land အဖြစ် သတ်မှတ်ထားသည့် ဧရိယာမှ ရိုဟင်ဂျာခေါင်းဆောင်ဖြစ်သူ ဒယ် မိုဟာမတ်က ပြောသည်။

“အတောမသတ် စိုးရိမ်ပူပန်မှုတွေနဲ့ ကျွန်တော်တို့တွေ နေထိုင်နေရတာ ဖြစ်တယ်၊ ဘယ်အချိန်မှာမဆို ဘေးဒုက္ခဆိုး ပေါ်ပေါက်လာနိုင်တယ်”ဟု မိုဟာမတ်က ရိုက်တာသို့ စနေနေ့တွင် ပြောသည်။

သောကြာနေ့ ညပိုင်း၌ မြန်မာပိုင်နက်ဘက်မှ မော်တာကျည် ငါးစင်း ပစ်ခတ်ကြောင်း၊ ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်၌ သုံးစင်း ပေါက်ကွဲကြောင်း ယင်း ဧရိယာရှိ ပြည်သူများက ပြောကြောင်း ဘင်္ဂလားဒေ့ရှ် ဌာနေမီဒီယာက ဖော်ပြသည်။

သေဆုံးသူသည် အသက် ၁၈ နှစ်ရှိ အီကာဘယ် ဟူစိန် ဘာရီ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းစာက ဖော်ပြသည်။ ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံသား လေးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ယင်း သတင်းအရ သိရသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နယ်ခြားစောင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ၌ အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ခံရသည့် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ယာယီတဲစခန်းများအတွင်း ရိုဟင်ဂျာ တစ်သန်းကျော်မက နေထိုင်နေကြပြီး အများစုမှာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ ဖြိုခွင်းမှုအတွင်း မြန်မာဘက်မှ တိမ်းရှောင်ထွက်ပြေးလာကြသူများ ဖြစ်သည်။

နိုငငံပိုင်နက်အတွင်းသို့ မော်တာကျည်များ ကျရောက်မှုအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းအပြင် မြန်မာဘက်က နယ်စပ်တွင် လေကြောင်း ထိုးစစ်ဆင်ခြင်းနှင့် လေပိုင်နက်ဧရိယာ ချိုးဖောက်ခြင်းများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုလအတွင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။

မကြာသေးသော သီတင်းပတ်များအတွင်း ဒါကာရှိ မြန်မာသံအမတ်ကို သုံးကြိမ်တိုင် သမ္မန်ဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စိုးရိမ်မှုကို ပြောဆိုထားခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...