စစ်တွေတွင် ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အမျိုးသားနှစ်ဦးဖမ်းဆီးခံရ

စစ်တွေတွင် ကျပ်သိန်း ၁၅ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အမျိုးသားနှစ်ဦးဖမ်းဆီးခံရ
CCDAC Myanmar
CCDAC Myanmar

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျပ်သိန်းပေါင်း ၁၅ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် အတူ အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူဖမ်းဆီးခံရသူများမှာ ကိုမောင်ဝင်းမြင့် (၂ဝ နှစ်) နှင့် ကိုအေးထွန်း (၃၁ နှစ်) တို့ဖြစ်ကြောင်း CCDAC Myanmar/ မြန်မာနိုင်ငံမူးယစ်အထူးတပ်ဖွဲ့က ယမန်နေ့က သတင်းဖော်ပြသည်။

သူတို့သည် စစ်တွေမြို့နယ်၊ မှန်စီကျေးရွာ၊ ရထားသံလမ်းအနီး၊ မင်းဂံ-သက္ကေပြင်သွားကားလမ်းတွင် မူးယစ်ဆေးများနှင့်အတူ စက်တင်ဘာလ ၉ ရက် နံနက် ၈ နာရီ၌ သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် မောင်ဝင်းမြင့်မောင်းနှင်ပြီး အေးထွန်း စီးနင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အေးထွန်း လွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၈၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၇၆ သိန်း) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့နှင့် အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် သူတို့ ၂ ဦးအား စစ်တွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...