D-Day တစ်နှစ်ပြည့် တိုက်ပွဲ ဖော်ဆောင်၊ ပျူစောထီး ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

D-Day တစ်နှစ်ပြည့် တိုက်ပွဲ ဖော်ဆောင်၊ ပျူစောထီး ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရ

NUG မှ ကြေငြာထားသည့် D Day တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျွန်းစုမြို့နယ် ဒေသခံ PDF များကတိုက်ပွဲဖော်ဆောင်ရာ ပျူစောထီးခေါင်းဆောင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွား သည် ဟု သိရသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေး ဒေါင်းနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက ပဲ့တိုင်ကျေးရွာရှိ ပျူစောထီး (ပြည်သူ့ စစ်) အဖွဲ့ကို စက်တင်ဘာ ၇ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်က တိုက်ခိုက်ခြင်းဖြစ်ပြီး ၁ နာရီခန့် အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

အသက် ၄၅ နှစ် အရွယ် ရွာသားတစ်ဦးက “နှစ်ဘက် စဖြစ်တော့ မိုးလင်းရုံပဲ ရှိသေးတာ။

လူလုံးမကွဲသေးချိန် မပြေးနိုင်တဲ့ လူကြီးပိုင်းတွေက အိမ်တွေထဲ ပုန်းနေကြပြီး ကျန်လူတွေ အများစုက ရွာအပြင်ဘက် ဘေးလွတ် မယ်ထင်တဲ့နေရာ ပြေးကြတာ” ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ကျေးရွာတာဝန်ခံ ပျူစောထီးခေါင်းဆောင် အိုနီဒီးဒူ နှင့် ဒု-ခေါင်းဆောင် မြဝမ်း တို့ ၂ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး လည်း ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၂၊ တပ်ခွဲ-၂၊ တနင်္သာရီ ကာ ကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ဒေသခံ ကာကွယ်ရေးတပ် (မြိတ် - ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ပင် သတင်းထုတ် ပြန်ထားသည်။

တိုက်ပွားဖြစ်ပွားသည့် ပဲ့တိုင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ယမုံ၊ ဆင်အိုင်၊ သင်္ကန်းရှောင်၊ ဘုရားထွက်၊ ကျွဲခရံ၊ သဇင် စသည့် ကျေးရွာများမှ ရွာသားများမှာလည်း ထိတ်လန့်စိုးရိမ်နေကြသည့်အပြင် ဈေးဆိုင်များလည်း ပိတ် ထားကြသည်ဟု ဒေသခံများက ပြောသည်။

ပဲ့တိုင်ကျေးရွာသည် အိမ်ခြေ ၂၀၀ နီးပါးရှိပြီး ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

ထိုကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ပျုစောထီး (ပြည်သူ့စစ်) အဖွဲ့များ အခြေစိုက်သည့် ကျေးရွာ တစ်ရွာလည်း ဖြစ်သည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...