လက်နက်မဲ့ထွက်ပြေးလာသူ နယ်ခြားစောင့်တပ်မှအရာရှိတစ်ဦးနှင့် တပ်သားနှစ်ဦးတို့ အေအေထံအလင်းဝင်ရောက်

လက်နက်မဲ့ထွက်ပြေးလာသူ နယ်ခြားစောင့်တပ်မှအရာရှိတစ်ဦးနှင့် တပ်သားနှစ်ဦးတို့ အေအေထံအလင်းဝင်ရောက်

ရသေ့တောင်မြို့နယ် အနောက်ဘက် စေတီပြင်ရွာအနီး အထက်နန်းရာ တောင်ကျော်လမ်း စေတီတောင်တွင်တပ်စွဲနေသည့် နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးနှင့် တပ်သားနှစ်ဦးတို့ လက်နက်မဲ့ ထွက်ပြေးလာပြီး ရက္ခိုင့်တပ်တော် (AA) ထံ အလင်းဝင်ရောက်လာသည်ဟု သတင်းရရှိသည်။

၎င်းတို့သည် စက်တင်ဘာ ၆ ရက်နေ့က တပ်စခန်းက ထွက်ပြေးလာပြီးနောက် ကျေးရွာတစ်ခုတွင် အေအေထံ အလင်းဝင်ရောက်ခိုလှုံလာခဲ့ကြောင်း အေအေနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူတို့က လက်နက်မဲ့ထွက်ပြေးလာပြီး မေယုကမ်းက ကျေးရွာတစ်ရွာမှာ လာရောက်ပြီး အလင်းဝင်တာပါ။ လက်နက်ကတော့ အခြေအနေမပေးတဲ့ အတွက် ပါမလာကြဘူး။ သူတို့ စခန်းမှာတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တော်တော် စိတ်ဓာတ်ကျနေကြတယ်လို့ သိရတယ်။ လက်ရှိတော့ အေအေရဲ့ အညံ့ခံထွက်ပြေးလာသူတွေအပေါ် ထားတဲ့ ပေါ်လစီအတိုင်း လက်ခံထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခု နယ်ခြားစောင့်စခန်းသည် မေယုတောင် အရှေ့ဘက် အထက်နန်းရာကျော်လမ်းရှိ စေတီတောင်တွင် အခြေစိုက်ထားသော စခန်းဖြစ်ပြီး အင်အား ၆၀၊ ၇၀ ခန့်ရှိကြောင်း သိရသည်။

၎င်းတောင်ကျော်ကားလမ်းသည် မေယုတောင်ကို ဖြတ်သန်းပြီး မောင်တောမြို့နယ် တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် အနောက်ပိုင်း မေယုကမ်းဒေသကို ဖောက်လုပ်ထားသောကားလမ်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်က ပိတ်ထားသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...