စစ်သားများနေထိုင်သည့်မြေပုံမြို့နတလရုံးကို AA ကဖောက်ခွဲတိုက်ခိုက်၊သေဆုံးမှုအချို့ရှိနိုင် ဟုမြို့ခံများပြော

စစ်သားများနေထိုင်သည့်မြေပုံမြို့နတလရုံးကို AA ကဖောက်ခွဲတိုက်ခိုက်၊သေဆုံးမှုအချို့ရှိနိုင် ဟုမြို့ခံများပြော

ရခိုင်ပြည်နယ် မြေပုံမြို့တွင် စစ်သား ၄ဝ ခန့်ဝင်ရောက်နေထိုင်လျက်ရှိသည့် နတလရုံးကို ရက္ခိုင့်တပ်တော် (AA) က ယနေ့နံနက်တွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်က သေဆုံးမှုများရှိနိုင်သည်ဟု ဖြစ်စဉ်ကို အနီးကပ်သိနေသူ မြို့ခံများက ပြောသည်။

မြေပုံမြို့ ကံသာထွက်ဝရပ်ကွက် ဆီဆိုင်တန်းအနီးရှိ နတလရုံးကို AA က ယနေ့ စက်တင်ဘာလ ၇ ရက် နံနက် ၁၁ နာရီကျော်တွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မိုင်းက ၆ လုံးဖြစ်မယ်။ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ မနက်က အဲဒီမှာ စစ်ကောင်စီဘက်ကလူတွေဟာ ၃ဝ၊ ၄ဝ မြင်ခဲ့တယ်လို့ ပြောကြတယ်။ တိုက်ခိုက်မှုဖြစ်တာ သေချာပါတယ် ”ဟု ပြောသည်။

၎င်းစစ်သားများသည် ၎င်းအဆောက်အဦတွင် နေထိုင်နေရာက ၁၀ ရက်ခန့် ပျောက်နေပြီးနောက် မနေ့ကမှ ပြန်လည်ရောက်ရှိလာပြီး စခန်းချနေထိုင်စဉ်အတွင်း ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်တပ်ဘက်က ယနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်အထိ မြေပုံမြို့နယ် ဝက်ဂေါင်းရွာဘက်သို့ လက်နက်ကြီး ၃ ကြိမ်နှင့် လက်နက်ငယ်များပစ်ခတ်လျက်ရှိသည်ဟု သိရသည်။

နောက်ထပ် မြို့ခံတစ်ဦးက “အခုတော့ စစ်တပ်ဘက်က ဆီဆိုင်တန်းဘက် ကိုသွားတဲ့သူတွေကို သေနတ်တွေနဲ့ လိုက်ပစ်နေပါတယ်။ အခု ပစ်နေတာ”ဟု ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေသည့်အတွက် မြေပုံမြို့တွင် စစ်သားအများအပြား နေရာယူလျက်ရှိပြီး စျေးဆိုင်များနှင့် စာသင်ကျောင်းများကိုလည်း ပိတ်သိမ်းကာ မြို့တွင်းတွင် လူသွားလူလာနည်းပါးလျက်ရှိသည်ဟု သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...