စစ်တွေရှိ အာရက္ခလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ကျောင်းက တက္ကသိုလ်ပညာသင်ထောက်ပံ့ရန် ကျောင်းသားသစ် ၁ဝ ဦးခေါ်ယူ

စစ်တွေရှိ အာရက္ခလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ကျောင်းက တက္ကသိုလ်ပညာသင်ထောက်ပံ့ရန် ကျောင်းသားသစ် ၁ဝ ဦးခေါ်ယူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အာရက္ခလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ကျောင်းက တက္ကသိုလ်ပညာသင်ထောက်ပံ့ရန် ကျောင်းသားသစ် ၁ဝ ဦးကို ခေါ်ယူနေသည်ဟု သိရသည်။

ထိုကျောင်းသား ၁၀ ဦးကို ယနေ့ စက်တင်ဘာလ ၆ ရက်တွင် စတင်ခေါ်ယူလိုက်ခြင်းဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် ကျောင်းတည်ရှိရာ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁၁ ၊ (စ) တန်းရှိ သစ္စာရောင်နီကျောင်းတိုက်တွင် စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ လာရောက် လျှောက်ထားနိုင်သည်ဟု သိရသည်။

ယခုခေါ်ယူသည့်ကျောင်းသားသစ်များအနေဖြင့် ကျောင်းအိပ်ကျောင်းစားနေရမည်ဖြစ်ပြီး တက္ကသိုလ်ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် ကျောင်း၌ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းများကို အဓိက အခမဲ့သင်ပေးသွားမည်ဟု သိရသည်။

ထိုကျောင်းသားများကို ပညာသင်ကြားပေးရုံသာမက လှုမှုရေးဆက်ဆံရေး၊ လူနေမှုစနစ်မြင့်မားစေရန် သိကျွမ်းသည့်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ဟော ပြောပွဲများ ပြုလုပ်စီစဉ်ပေးမည်ဟုလည်း သစ္စာရောင်နီကျောင်းထိုင် ဆရာတော် သုန္ဒရဏ (ဒေါက်တာ ဦးသီဟ) က မိန့်သည်။

"ခေတ်ကာလက အတန်းစာအောင်ပြီး၊ ပညာမတတ်ကြတာများပါတယ်။ ပညာဆိုတာက ဘာလဲဆိုတော့  အဓိကကိုယ်ပိုင်တွေးခေါ်နိုင်ဖို့၊ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ပေးနိုင်ဖို့၊ အဲ့ဒါတွေကို အရင်ကလည်း ပညာရှင်တွေနဲ့လုပ်ပေးထားတယ်။ အခုရှေ့ကိုပိုပြီးတော့စနစ်ကျအောင်လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ အဓိက စိတ်ပိုင်းဆိုင်ရာမြင့်မားအောင်ပေါ့" ဟု နိရဥ္စရာကို မိန့်သည်။

လာရောက်လျှောက်ထားသည့်ကျောင်းသားများကို စက်တင်ဘာလ ၁၇ ရက်၊ နေ့လယ် ၁ နာရီတွင် အဆိုပါကျောင်း၌ လူတွေ့ အင်တာဗျူးဖြေဆိုရမည်ဖြစ်ပြီး ယင်းအနက် ၁ဝ ဦးကို ရွေးချယ်ခေါ်သွားမည်ဟုလည်း သိရသည်။

အာရက္ခလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ကျောင်းကို တည်ထောင်စကာလအချိန်ဖြစ်၍ နောက်နှစ်များတွင် ယခုထက်မက ကျောင်းသားအများအပြားကိုလည်းခေါ်ယူနိုင်ရန်ကြိုးစားနေသည်ဟု ဆက်လက်မိန့်ကြားသည်။

ယခုအခါ ကျောင်းဆောက်နေစဉ်ကာလဖြစ်၍ နေရာအခက်အခဲကြောင့် ကျောင်းသူများကိုခေါ်ယူနိုင်ခြင်းမရှိသေးဘဲ နောက်နှစ် အခြေအနေအပေါ်မူတည်ပြီးခေါ်ယူ ထောက်ပံ့ပေးမည်ဟုလည်း ဆရာတော်ကြီးက ဆက်မိန့်သည်။

အဆိုပါကျောင်းက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း တက္ကသိုလ်ကျောင်းသား ၆ ဦးအား ပညာသင်ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...