၆၀ မမ စိန်ပြောင်းဖြင့် အင်းစိန်အကျဉ်းထောင်ပစ်ခတ်ခဲ့သူကို မော်လမြိုင်တွင်ဖမ်းမိ

၆၀ မမ စိန်ပြောင်းဖြင့် အင်းစိန်အကျဉ်းထောင်ပစ်ခတ်ခဲ့သူကို မော်လမြိုင်တွင်ဖမ်းမိ
ဖမ်းဆီးရမိသည့် ၆၀ မမစိန်ပြောင်း
ဖမ်းဆီးရမိသည့် ၆၀ မမစိန်ပြောင်း

ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်သူအမျိုးသားတစ်ဦးအား မော်လမြိုင်မြို့တွင် ဖမ်းဆီးမိခဲ့ရာမှ ပစ်ခတ်မှုတွင် ပါဝင်သူအမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အင်းစိန်အကျဉ်းထောင် ဝန်ထမ်းအိမ်ရာအတွင်းကို ဩဂုတ်လ ၂၂ ရက်က ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦနှင့် လူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်များက ဖော်ပြခဲ့သည်။

ပစ်ခတ်မှုတွင် ပါဝင်သူ ထွန်းထွန်းဟန် (ခ) ဝသုန် အား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၆၀ မမ စိန်ပြောင်း တစ်လက်နှင့်အတူ ဩဂုတ် ၂၃ ရက်က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ Star Family တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက မှထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူ ထွန်းထွန်းဟန် (ခ) ဝသုန်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကင်းစုရပ်ကွက်၌ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့ကို ဖမ်းဆီးရမိခဲ့ပြီး ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းအနီးရှိ (ဌ) ဈေး၌ အောင်ဇော်မြင့် (ခ) စစ်နိုင်နှင့် သန့်စင်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ သရဖီလမ်းတွင် နေထိုင်သူ မျိုးမင်းဇော် (ခ) ပါကျဲ ဆိုသူကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထွက်ဆိုချက်အရ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်း၌ နေထိုင်သည့် ဆက်စပ်ကျူးလွန်သူ ထိန်လင်း၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ထိန်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သံသယကျူးလွန်သူများဖြစ်သည့် သူဇာသင်းနှင့် ဉာဏ်ထက်ဇံ တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါကြောင်း ထုတ်ပြန်ချက်တွင် ‌ပါရှိသည်။

သို့ရာတွင် အဆိုပါဖမ်းဆီးမိသူများနှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...