ရေးဒေသထွက် ကွမ်းသီး ကျပ် ၇ ထောင်ကျော်အထိ ဈေးမြင့်တက်

ရေးဒေသထွက် ကွမ်းသီး ကျပ် ၇ ထောင်ကျော်အထိ ဈေးမြင့်တက်

မွန်ပြည်နယ်၊ ရေးဒေသမှ ထွက်ရှိသော ကွမ်းသီးခြောက် တစ်ပိဿာ ငွေကျပ် ၇၃၀၀ အထိ ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများထံက သိရသည်။

ပြီးခဲ့သည်နှစ် ကာလတူအချိန်တွင် ရေးဒေသထွက် ကွမ်းသီး တစ်ပိဿာ ၅၀၀၀ ကျပ်ထိသာ ဈေးနှုန်း ရရှိခဲ့ကြောင်း ယခုနှစ်တွင် ကွမ်းသီးနု အဝယ်လိုက်သောကြောင့် ကွမ်းသီးခြောက်များ ပြတ်လပ်သွားသည့်အထိ ဖြစ်ခဲ့‌ရကြောင်း ‌ကွမ်းသီးရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

"ကွမ်းသီးက စိုက်တောင်သူတွေဆီမှာရော အမတို့ လက်ထဲမှာပါ ပြတ်တဲ့အထိ ဖြစ်သွားတယ်။ အခုလည်း ကုန်သလောက်ရှိနေပြီ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရေးကွမ်းသီး တစ်ပိဿာ ၇၃၀၀ ကျပ်၊ မော်လမြိုင်ကွမ်းသီး အညိုသီး တစ်ပိသာ ၆၃၀၀ ကျပ်နှင့် မော်လမြိုင်ပါးပုပ်သီး တစ်ပိဿာ ၇၃၀၀ ကျပ် ထိ ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်‌ နေသေးသောကြောင့် ကွမ်းသီးဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ကွမ်းသီးနှင့် ကွမ်းရွက် လက်လီ လက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။

"တောင်သူတွေလက်ထဲမှာ မကျန်တော့ဘဲ ဈေးကွက်ထဲမှာက အဝယ်လိုက်နေတယ်ဆိုရင်တော့ ဈေးကဆက်တက်နေဦးမှာပဲ"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မော်လမြိုင် အညိုသီး တစ်ပိဿာ ၅၁၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး တစ်ပိဿာ ၆၁၀၀ ကျပ်နှင့် ရေးကွမ်းသီး တစ်ပိဿာ ၆၂၀၀ ကျပ် အထိ ပေါက်ဈေးရှိခဲ့သည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်၊ ပဲခူးနှင့် တစ်ခြားသော ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...