PPST ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တာဝန်ယူမည်

PPST ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တာဝန်ယူမည်

အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်နာယက တာဝန်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ဩဂုတ် ၄ ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

 PPST ၏ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ ၎င်းအား PPST ၏ နိုင်ငံရေးလမ်းညွန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာအား လက်ခံရရှိကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ ပြန်လည်ပေးပို့သည့် စာတွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ “PPST အား နိုင်ငံရေးအရ လမ်းညွန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းကိုယ်စားမပြုဘဲ မိမိပုဂ္ဂိုလ်အနေဖြင့် ပါဝင်ကာ ဦးဆောင်နာယကတာဝန်အား တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း လေးစားစွာအကြောင်းပြန်ပါသည်” ဟု  ပြောသည်။

စတုတ္ထအကြိမ်မြောက် NCA-S EAO Summit မှ အတည်ပြုသော TOR အရ PPST အား နိုင်ငံရေးအရ လမ်းညွန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် ခန့်အပ်လိုခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများ၏ သဘောဆန္ဒဖြစ်ပြီး အဆိုပါ သဘောဆန္ဒအား မိမိအနေဖြင့် လေးစားလိုက်နာကြောင်း ဖော်ပြထားသည်။

လွမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်သော ဆန္ဒအရဟု ပြဌာန်းထားသဖြင့် မိမိ၏ ကိုယ်ပိုင်သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားပြုရန်မလိုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာပါဝင်ခွင့်ရှိသည်ကို သိရှိရသဖြင့် မိမိ၏ ယုံကြည်ချက်ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြင့် ဖွဲ့စည်းထားသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...