လစ်လပ်နေသည့် ရေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တစ်နေရာ MUP စိတ်ဝင်စားသူမရှိဟုဆို

လစ်လပ်နေသည့် ရေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တစ်နေရာ MUP စိတ်ဝင်စားသူမရှိဟုဆို

လစ်လပ်လျက်ရှိသော ရေးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်တစ်ဦးနေရာ ဝင်ရောက်တာဝန်ယူရန် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကမ်းလှမ်းခဲ့ရာတွင် လတ်တလော ဖြစ်ပွားနေသောလုံခြုံရေးအခြေအနေကြောင့် စိတ်ပါဝင်စားသူမရှိဖြစ်နေကြောင်း MUP အတွင်းအရေးမှူး နိုင်စံတင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

"ပါတီက လောလောဆယ်ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့ လူရှာလို့ မရဘူးဗျ။ အဲဒီဒေသမှာ တာဝန်ထမ်းဆောင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ လူရှာလို့မရတော့ သူတို့တောင်းဆိုထားတဲ့ အဖွဲ့ဝင်အတွက်တော့ မပါဝင်နိုင်ဘူး"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ရေးခရိုင် နှင့် ကျိုက်ထိုခရိုင်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရေးခရိုင်နှင့် ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ သက်ဆိုင်ရာမြို့များတွင် အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရေးနယ်အတွင်း ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် လုံခြုံရေးလည်း တင်းကြပ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အစိုးရရုံးတွေကလည်း ခဏခဏ ပစ်ခံနေရတော့ မနေရဲကြတော့ဘူး။ အခု မြို့ထဲမှာလည်း လုံခြုံရေးတွေ တော်တော်ချထားတယ်။ ရုံးနားတွေရောပဲ။ ဒါပေမယ့်လည်း ဘယ်နေရဲကြမလဲ။ အသေပစ်ခံရတာလေ"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်က ရေးမြို့နယ် လ.၀.ကရုံးအတွင်းရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် မှုကြောင့် မြို့နယ်လဝက ဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...