ဘီးလင်းမြို့နယ်တွင် လျှပ်စစ်ပစ္စည်းတင်ဆောင်လာသည့် တွဲကားတိမ်းမှောက်ပြီး မီးလောင်

ဘီးလင်းမြို့နယ်တွင် လျှပ်စစ်ပစ္စည်းတင်ဆောင်လာသည့် တွဲကားတိမ်းမှောက်ပြီး မီးလောင်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ် ၂၁ ည ၆ နာရီအချိန် ဝန်းကျင်ခန့်က လျှပ်စစ်ပစ္စည်း တင်ဆောင်လာသည့် တွဲကား တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သထုံဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီးတွဲကားသည် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ အ.ထ.က (ကန်သာယာ) ကျောင်းရှေ့တွင် အရှိန်လွန်တမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“တွဲကားပေါ်မှာ လျှပ်စစ်ပစ္စည်းတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေ တင်လာတယ်လို့‌ေတာ့ သိရတယ်။ ပစ္စည်းတွေကိုတော့ ဝိုင်းဖယ်ကြတယ်။ ခေါင်းခန်းကနေ စလောင်တာဆိုတော့ ရသလောက်တော့ ဝိုင်းဖယ်ကြတာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ တွဲကားတိမ်းမှောက်မီးလောင်မှုတွင် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ကားပေါ်မှ လျှပ်စစ်ပစ္စည်းများကို အတတ်နိုင်ဆုံး ဝိုင်းဖယ်ကြသော်လည်း မီးလောင်ဆုံးရှုံးမှု များကြောင်း ၎င်းက ဆက်ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် တွဲကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အခင်းဖြစ်ပွားရာမှ တိမ်းရှောင်သွားကြောင်း အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး တွဲကားယာဉ်မောင်းအပေါ် ဘီးလင်းမြို့မရဲစခန်း မှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုကို ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှူကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...