ကလေးမြို့က ဓာတ်ဆီဆိုင်ကြီးအချို့တွေမှာ စက်သုံးဆီများပြတ်လတ် လမ်းဘေးကဆိုင်တွေမှာ 92 တစ်ဂါလံ ၁၈၀၀၀ ဈေးနဲ့ဝယ်ယူနေရ

ကလေးမြို့က ဓာတ်ဆီဆိုင်ကြီးအချို့တွေမှာ စက်သုံးဆီများပြတ်လတ် လမ်းဘေးကဆိုင်တွေမှာ 92 တစ်ဂါလံ ၁၈၀၀၀ ဈေးနဲ့ဝယ်ယူနေရ

ဒီနေ့ ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတွေ  ပြတ်လတ်နေပြီး လမ်းဘေးကဆိုင်တွေမှာ တစ်ဂါလုံကို ၁၈၀၀၀ဈေးနဲ့ဝယ်ယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ဆိုင်မှာတော့ မနက်ကတည်းက 92 က ပြတ်သွားတာ၊ 95တော့ ဝယ်လို့ရသေးတယ်၊ ဒါပေမယ့် လိုသလောက်တော့ ဝယ်လို့မရဘူး၊ ရှိတာလေးကို မျှရောင်းရတာပေါ့ ၊မနက်ဖြန်လောက်ဆို ကုန်ပြီ၊ ဓာတ်ဆီသယ်တဲ့ ကားတွေတော့ ဘယ်အချိန်ရောက်မလဲတော့မသိဘူး”လို့ စက်သုံးဆီအရောင်းဆိုင် တစ်ခုက ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

အခုလို ကလေးမြို့မှာ စက်သုံးဆီ ပြတ်လတ်တာကြောင့် မြို့ပေါ်မှာရှိတဲ့ ဆီဆိုင်ကြီးတွေပိတ်ထားရ သလို  မြို့ပြင်က ဆီဆိုင်ကြီး အချို့မှာလဲ 95 စက်သုံးဆီကို အကန့်အသတ်နဲ့ ဝယ်ယူနေရပြီး ရပ်ကွက်ထဲမှာတော့ 92 တစ်ဂါလံကို ၁၈၀၀၀ကျပ်နဲ့ပေးဝယ်နေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“မြို့ပေါ်ကဆိုင်တွေတော့ အကုန်ပိတ်ထားတယ်၊ မြို့ပြင်ကဆိုင်တွေမှာတော့ 95တော့ရသေးတယ်၊ ဒါတောင် တစ်ချို့ဆိုင်တွေမှာမရတော့ဘူး၊ ဒါကြောင့် လမ်းဘေးက ဆိုင်လေးတွေမှာ 92တစ်ဂါလံကို ၁၈၀၀၀နဲ့ဝယ်ရတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလို စက်သုံးဆီပြတ်လတ်နေတဲ့အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က စက်သုံးဆီပြတ်လတ်မှုဟာ သတင်းအမှားဖြစ်တယ်လို့ထုတ်ပြန်ထားပြီး အဲ့ဒီသတင်းအမှားနဲ့ပတ်သက်လို့ စက်သုံးဆီရောင်းချတာ ရပ်တန့်ခြင်း၊ အကန့်အသတ်နဲ့ရောင်းချတာကို ကြီးကြပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဩဂုတ်လ(၁၄)ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...