ကြခတ်ချောင်းတွင် ပထမဦးဆုံးအကြိမ် ရိုးရာလက်ချည်ပွဲ ကျင်းပ

ကြခတ်ချောင်းတွင် ပထမဦးဆုံးအကြိမ် ရိုးရာလက်ချည်ပွဲ ကျင်းပ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကြခတ်ချောင်းကျေးရွာ၏ ပထမဦးဆုံးအကြိမ် ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက “ ကရင်အချင်းချင်း ညီညွတ်စေချင်တယ်။ စိမ်ဝမ်းမကွဲဘဲ စည်းလုံးစေချင်တယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းသိရှိလာအောင် ရည်ရွယ်ပြုလုပ်တာပေါ့နော်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ လက်ချည်ပွဲအခမ်းအနားတွင် ကျေးရွာအသီးသီးမှ လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ကြပြီး ကရင့်ရိုး ရာဒုံးအက၊ လက်ချည်ပွဲ သရုပ်ဖော်အကများဖြင့် ဖျော်ဖြေကြသလို လက်ချည်ပွဲဖြစ်ပေါ်လာပုံအကြောင်းနှင့် လက်ချည်ပွဲတွင် ပါဝင်သည့်ပစ္စည်းအမျိုးအမည်များ၏ အနက်အဓိပ္ပါယ်ကိုလည်း တစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့သည်။

ကရင်တိုင်းရင်းသားများသည် ဝါခေါင်လရောက်တိုင်း မိသားစုအလိုက်ဖြင့်လည်းကောင်း၊ ကျေးရွာ ၊ မြို့နယ်အဆင့်ဖြင့်လည်းကောင်း စုပေါင်းလက်ချည်ပွဲ အခမ်းအနားပြုလုပ်ကြပြီး ရောဂါဘယကပ်စွဲမှု ကင်းဝေးစေရန်နှင့် စည်းလုံးညီညွတ်မှုရှိကြစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ဆုတောင်းကြသည်ဟု သိရသည်။

KNU ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ကျေးရွာအများစုတွင် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ယခုနှစ်တွင် ရိုးရာလက်ချည်ပွဲအခမ်းအနားကို ကျေးရွာအချို့များသာ ပြုလုပ်ကျင်းပနိုင်ခဲ့ကြသေးသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

Most read this week

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...