ကြခတ်ချောင်းတွင် ပထမဦးဆုံးအကြိမ် ရိုးရာလက်ချည်ပွဲ ကျင်းပ

ကြခတ်ချောင်းတွင် ပထမဦးဆုံးအကြိမ် ရိုးရာလက်ချည်ပွဲ ကျင်းပ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကြခတ်ချောင်းကျေးရွာ၏ ပထမဦးဆုံးအကြိမ် ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက “ ကရင်အချင်းချင်း ညီညွတ်စေချင်တယ်။ စိမ်ဝမ်းမကွဲဘဲ စည်းလုံးစေချင်တယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းသိရှိလာအောင် ရည်ရွယ်ပြုလုပ်တာပေါ့နော်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ လက်ချည်ပွဲအခမ်းအနားတွင် ကျေးရွာအသီးသီးမှ လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ကြပြီး ကရင့်ရိုး ရာဒုံးအက၊ လက်ချည်ပွဲ သရုပ်ဖော်အကများဖြင့် ဖျော်ဖြေကြသလို လက်ချည်ပွဲဖြစ်ပေါ်လာပုံအကြောင်းနှင့် လက်ချည်ပွဲတွင် ပါဝင်သည့်ပစ္စည်းအမျိုးအမည်များ၏ အနက်အဓိပ္ပါယ်ကိုလည်း တစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့သည်။

ကရင်တိုင်းရင်းသားများသည် ဝါခေါင်လရောက်တိုင်း မိသားစုအလိုက်ဖြင့်လည်းကောင်း၊ ကျေးရွာ ၊ မြို့နယ်အဆင့်ဖြင့်လည်းကောင်း စုပေါင်းလက်ချည်ပွဲ အခမ်းအနားပြုလုပ်ကြပြီး ရောဂါဘယကပ်စွဲမှု ကင်းဝေးစေရန်နှင့် စည်းလုံးညီညွတ်မှုရှိကြစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ဆုတောင်းကြသည်ဟု သိရသည်။

KNU ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ကျေးရွာအများစုတွင် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ယခုနှစ်တွင် ရိုးရာလက်ချည်ပွဲအခမ်းအနားကို ကျေးရွာအချို့များသာ ပြုလုပ်ကျင်းပနိုင်ခဲ့ကြသေးသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...