ဝူယန်ပြည်သူ့စစ် ဂိတ်စခန်းအနီးက ရွာမရပ်ကွက်အား မီးရှိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများရှိ ဟုဆို

ဝူယန်ပြည်သူ့စစ် ဂိတ်စခန်းအနီးက ရွာမရပ်ကွက်အား မီးရှိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများရှိ ဟုဆို

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာလမ်းမကြီး‌ပေါ်  တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ဂိတ်စခန်းကနေ အနီးနားမှာ ရှိတဲ့ ရွာမရပ်ကွက်ကို မီးရှို့မယ်လို့ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေကြောင်းအဲဒီရပ်ကွက်နဲ့ နီးစပ်သူအချို့က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဇူလိုင်လ(၂၈)ရက်နေ့က အဲဒီ ဂိတ်စခန်းကို သွားရောက် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အခုတဖန် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့မယ်ဆိုရင် ရွာမရပ်ကွက်ကို မီးရှို့ဖျက်ဆီးမယ်လို့ ပြည်သူ့စစ်စစ်သားတွေက ခြိမ်းခြောက်ပြောဆိုထားကြောင်း အဲဒီရပ်ကွက်နဲ့ နီးစပ်တဲ့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"လူတွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်။ စစ်တပ်မှန်ရင် ရွာပြင်မှာ နေရမယ်။ ရွာလယ်ခေါင် လမ်းမကြီးမှာဟိုကားကို ဟင်းဖိုးတောင်၊ ဒီကားကို ဟင်းဖိုးတောင်းနဲ့ တောင်းစရာလည်း မလိုဘူး။ ဒီတစ်ခါ တိုက်ပွဲ ဖြစ်ရင် ရွာမီးရှို့မယ်ပြောတယ်"လို့ သူက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့‌နောက် အဲဒီ ဂိတ်စခန်းကနေ လမ်းသွား/လာပြည်သူတွေကို စစ်ဆေးရေး ပိုမို တင်းကြပ်လာတဲ့အပြင် လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ပိုက်ဆံတောင်းခံမှုတွေ ရှိနေတဲ့ အကြောင်း အထက်ပါ ပြည်သူကအခုလို ဆက်လက် ပြောပါတယ်။

"အိမ်စီးကား ၊ ရုံး ဝန်ထမ်းကား ဘာသာရေး အသင်းတော် ကားတွေကို ဟင်းဖိုး ၊လက်ဖက် ရေဖိုး တွေ မတောင်းရဘူး‌လေ။ ကားတားစရာလည်း မလိုဘူးလေ။ စစ်တပ်ဂိတ် ကို ရွာလယ် မှာ လုံးဝ လုံးဝ ထားလို့ မရဘူး။ ရွာပြင် မှာနေ ရ မယ်။"လို့ သူက ဆိုပါတယ်။

ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အဲဒီပြည်သူ့စစ် ဂိတ်တပ်စခန်းဟာ ကားလမ်း ဘယ်ဘက်အခြမ်းကုန်းပေါ်မှာရှိပြီး ရွာမရပ်ကွက်ကတော့ ဝူယန်ဈေးရဲ့ အရှေ့ဘက်မြေပြန့်မှာရှိတာကြောင့် ပြည်သူ့စစ် စစ်သားတွေရဲ့ ပစ်မှတ်နေရာ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကားလမ်း လမ်းမကြီးပေါ် အခုလို နေရာယူပြီး ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ မလုပ်ဘဲ စခန်းဖျက်သိမ်းဖို့ကိုလည်း လိုလားတယ်လို့ ဆိုပါတယ်။

  ဒါ့အပြင် ဝူယန် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ဝိုင်းနော်(၅၈)တပ်ရင်းနဲ့ ဝူယန်တပ်စခန်းကနေ သေနတ်ပစ်သံတွေ ညတိုင်းလိုလို ကြားနေရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ဝါရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...