သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သာသနာကုန်းကျေးရွာနေ ဦးဇေယျာနှင့် မထွေးထွေးအေးတို့သည် ပိန္နဲကုန်းကျေးရွာသို့ လမ်းလျှောက်လာစဉ် ပိန္နဲတောကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြားရှိ ထီညာသူတံတားအနီးတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"သူတို့တည့်တည့်ကို မကျတာ သက်သာသွားတာ။ မဟုတ်ရင်တော့ စိုးရိမ်ရတယ်။ အခုတော့ မစိုးရိမ်ရပေါ့။ ဒဏ်ရာတွေတော့ ရကုန်တာပေါ့"ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် လက်ဖျံ၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဦးဇေယျာနှင့် မထွေးထွေးအေးတို့ကို သထုံမြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း သထုံမြို့နယ် ဝီယော်ကျေးရွာအနီး လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် ရော်ဘာအစေးခြစ် အလုပ်သမား သုံးဦး ကျည်ထိမှန်ခဲ့ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...