ပေါင်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

ပေါင်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဇူလိုင် ၂၆ ရက် ည ၁၀နာရီအချိန်ခန့်က တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပေါင်မြို့၊ ကဒါရပ်ကွက်မြို့သစ်ပိုင်း လမ်းဘေးရှိ မောင်ရွှေ (ခ) တာနစူး ၃၀ နှစ် ဆိုသူမှာ ငွေစက္ကူအတုများ သုံးစွဲနေကြောင်း သတင်းအရ သက်ဆိုင်ရာက ၎င်းနေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးရာတွင် နေအိမ်ရှေ့၏ ခရေပင်အရင်း၌ ကြွတ်ကြွတ်အိတ်အမဲရောင်ဖြင့် ထုပ်ပိုးထားသော တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၇၄ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းနေအိမ်ခြံဝင်းနှင့် ကပ်လျက်တွင် နေထိုင်သည့် မောင်ရွှေ (ခ) တာနစူး၏ ညီမဖြစ်သူ မလှလှရီ (ခ) သာကေစူး ၂၃ နှစ် ထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၉ ရွက် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

"ငွေစက္ကူအတု ၈၃ ရွက်မိတယ်ဆိုတာ ဟုတ်ပါတယ်။ အခုထိ သူတို့ကို ‌စစ်ဆေးတာတွေ လုပ်နေပါတယ်"ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မောင်ရွှေ (ခ) တာနစူး နှင့် မလှလှရီ (ခ) သာကေစူး တို့နှစ်ဦးကို ပေါင်မြို့မရဲစခန်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း သထုံမြို့နယ် အောက်ကျင်းရပ်ကွက်နှင့် သုဓမ္မဝတီမြို့သစ်၊ (က) ရပ်ကွက်တွင် ငွေစက္ကူအတု ပြုလုပ်သူ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...