မချမ်းဘော့မြို့နယ်တွင် ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဝါးအလုံအလောက် မရှိခြင်းကြောင့် အပြင်းအထန်ဖျားနာသူများ အခက်ကြုံနေရ

မချမ်းဘော့မြို့နယ်တွင် ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဝါးအလုံအလောက် မရှိခြင်းကြောင့် အပြင်းအထန်ဖျားနာသူများ အခက်ကြုံနေရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ဘက်မှာ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆေးဝါးအလုံအလောက်မရှိတာကြောင့် ဆေးရုံသွားရမယ့် အခြေအနေအထိ ဖျားနာလာရင် ဒေသဆေးရုံကိုမသွားဘဲ အခြားဆေးရုံနဲ့ဆေးခန်းတွေကိုသာ သွားရောက်ကုသနေတယ်လို့ သိရပါတယ်။

“အခုအခြေအနေမှာ ဆေးကုသတာကတော့ အရမ်းခက်တယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့ မချမ်းဘော့မြို့ကဆေးရုံကြီးမှာဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေမရှိဘူး၊ သွားကုရင်လည်း ဆရာဝန်အဆင့်နဲ့ပဲကုရတာမျိုးတွေပဲဖြစ်နေတော့ ပူတာအိုမြို့ကဆေးရုံကိုသွားပြီး ကုသရတာမျိုးတွေ ရှိနေတယ်”လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ပူတာအိုမြို့ဆေးရုံကြီး၊ မချမ်းဘော့မြို့နယ်က စစ်တပ်ဆေးရုံ တွေမှာ ဆေးသွားရောက် ကုသခံယူကြရတဲ့အပြင် MAM (Medical Action Myanmar) NGO အဖွဲ့မှာ အခမဲ့ ဆေးကုသခံယူမှုတွေ ပြုလုပ်နေရတယ်လို့လည်း သိရပါတယ်။

“MAM မှာတော့ အခမဲ့ဟုတ်တယ်။ ဥပမာအနေနဲ့ဆိုရင် တစ်ယောက်က အဆုတ်ရောဂါဖြစ်တယ်၊ ဆေးထုတ်စားရမယ်ဆိုရင် သူတို့က ကိုယ့်ရဲ့သွားလာစရိတ်၊ ဆေးကုသစရိတ်၊ သွားလာတဲ့ ဆီစရိတ်ကအစ ထည့်ပေးတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်ရမယ်။ MAM တွေနဲ့ကအဲဒီလိုလုပ်တယ်”လို့လည်း ဒေသခံက ဆိုပါတယ်။

အဲဒီ MAM အဖွဲ့ကတော့ မချမ်းဘော့မြို့နယ်မှာ အုပ်စုခွဲပြီး ဒေသခံတွေကို ဆေးဝါးတွေကို အဓိကထား ပေးကာ ကုသပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...