လုံရှာယန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ နွားများတွင် ကူးစက်ရောဂါဖြစ်ပေါ်လာခြင်းကြောင့် အမဲသားရောင်းချခွင့် ပိတ်ပင်ထား

လုံရှာယန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ နွားများတွင် ကူးစက်ရောဂါဖြစ်ပေါ်လာခြင်းကြောင့် အမဲသားရောင်းချခွင့် ပိတ်ပင်ထား

ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာတွေက နွားတွေမှာ ကူးစက်ရောဂါလို အနာတွေဖြစ်ပြီး အခြေအနေဆိုးလာတာကြောင့် ရွာအတွင်း အမဲသားရောင်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

မေလပိုင်းလောက်ကနေ စတင်ပြီး တစ်ကောင်စ နှစ်ကောင်စကနေ လက်ရှိမှာတာ့ လုံရှာယန် ကျေးရွာ တစ်ရွာလုံးရဲ့ နွားတွေ(၇၀)ရာခိုင်နှုန်းဟာ အဲဒီအမည်မသိ ကူးစက်ရောဂါလို ကူးစက်နေကြပြီလို့ သိရပါတယ်။

လက်ရှိ နွားတွေမှာ အဲဒီလို အမည်မသိ ရောဂါ ကူးစက်မှု မြန်ဆန်းနေတာကြောင့် ရွာအတွင်း အမဲသား မစားကြတော့ဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ရွာမှာ အမဲသားတွေ မရောင်းခိုင်းဘူး။ ရောဂါ ရှိလို့ပေါ့။ စားတဲ့သူလည်း ဘယ်သူမှ မရှိဘူး။ ရောင်းတဲ့သူလည်း မရှိဘူး"လို့ သူက ပြောပါတယ်။

အဲဒီနွားတွေရဲ့ ကျော၊ အဆစ်နေရာ၊ ပါးစပ်အစရှိတဲ့ နေရာတွေမှာ မီးလောင်ဒဏ်ရာတွေလို အရည်ခွံကွာပုပ်သိုးလာပြီး အစာစား မရတော့ဘဲ သေဆုံးလာကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ လုံရှာယန် ကျေးရွာအတွင်းမှာပဲ နွားအကောင်ရေ(၂၀)ထက်မနည်းဟာ အဲဒီ အမည်မသိ ကူးစက်မှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အလားတူ တန်ဂျာကျေးရွာဘက်က နွားတွေဆီမှာလည်း အထက်ပါ လက္ခဏာအတိုင်း စတင်ကူးစက် ပြန့်ပွားလာနေတယ်လို့ တန်ဂျာဒေသခံက ပြောပါတယ်။

လက်ရှိအချိန် တန်ဂျာကျေးရွာအတွင်း ကူးစက်ခံ လက်ရှိ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပူတာအိုမြို့ တိရိစ္ဆာန်ကုသရေးအဖွဲ့ကနေ စစ်ဆေးချက်နမူနာကို ရန်ကုန်ဌာနဆီ ပို့ဆောင်ပြီး အဖြေရှာဖို့ ပြုလုပ်ထားတယ်လို့ လုံရှာယန် ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...