နန်ဇော်ယန်ကျေးရွာသွားရင်း ပျောက်ဆုံးနေသည့် ကိုလဒိန်ကို ပြည်သူ့စစ်ကြောင်းတွင် တွေ့ရှိခဲ့ပြီး အမြန်ဆုံးလွတ်မြောက်ရေး ကူညီပေးစေလို

နန်ဇော်ယန်ကျေးရွာသွားရင်း ပျောက်ဆုံးနေသည့် ကိုလဒိန်ကို ပြည်သူ့စစ်ကြောင်းတွင် တွေ့ရှိခဲ့ပြီး အမြန်ဆုံးလွတ်မြောက်ရေး ကူညီပေးစေလို

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ဂေါ်ဆက်ယန် ကျေးရွာက အမျိုးသားတစ်ဦး နန်ဇော်ယန်ဘက်က လယ်တောဆီသွားရင်း  အဆက်အသွယ် ပြတ်နေရာကနေ ဇူလိုင်လ(၂၂)ရက်နေ့က ဂွေရွတ်ယန် ကျေးရွာ ချောင်းသာအနီးဈေးဆိုင်တစ်နေရာမှာ ပြည်သူ့စစ် စစ်ကြောင်းနဲ့ အတူ ရှိနေတယ်လို့ သိရပါတယ်။

အသက်(၂၆)နှစ်အရွယ် ကိုလဒိန်ဟာ KIAနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တပ် စစ်ရေးတင်းမာနေတဲ့ နန်ဇော်ယန်ဘက်ကလယ်တောဆီကို သွားခဲ့ရာကနေ ဇူလိုင်လ (၁၈) ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။

ကိုလဒိန်ကို အဲဒီပြည်သူ့စစ်သား‌တွေက သူတို့ရဲ့စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်နေတာ ဖြစ်ပြီး တောထဲ ပြန်ခေါ် မဝင်သွားခင် ပြန်လည်လွတ်မြောက်ဖို့ ကူညီပေးကြစေလို တယ်လို့ နီးစပ်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဇူလိုင်(၁၈)ရက်နေ့မှာ ဖမ်းသွားတာ။(၂၂)ရက်နေ့မှာ ဝါရှောင်၊ ဂွေရွတ်ယန် ကျေးရွာ ‌ချောင်းသာ ဈေးအနီးမှာ တွေ့လိုက်တဲ့ သူရှိတယ်။  ပြည်သူ့စစ်တွေက အနီးဝန်းကျင်မှာကို ကပ်နေတော့ သူ့ဆီဘယ်သူမှ ကပ်လို့မရဘူး။ ခု တောထဲပြန်ခေါ် ဝင်သွားရင် ပိုဆိုးသွားနိုင်တာကြောင့် ကူညီပေးကြပါ"လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ "မိဘမေတ္တာ"အမည်နဲ့ ဆိုင်ကယ် ဝပ်ရှော့ ဖွင့်ထားသူ တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

နန်ဇော်ယန်ကျေးရွာဘက် လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...