ပခုက္ကူထောင်မှ မင်းတပ်ဒေသခံများကို မကွေးထောင်သို့ ညတွင်းချင်း ခေါ်ဆောင်သွား

ပခုက္ကူထောင်မှ မင်းတပ်ဒေသခံများကို မကွေးထောင်သို့ ညတွင်းချင်း ခေါ်ဆောင်သွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူထောင်အတွင်းအကျဉ်းကျခံနေရသည့် မင်းတပ်မြို့နယ်မှ မင်းတပ်ဒေသခံ ၆၀ ကျော်ရှိသည့်အနက် ၃၀ ကို ရွေးချယ်ပြီး ညတွင်းချင်း မကွေးအကျဉ်းထောင်သို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။

“တာဝန်ကျဝန်ထမ်းတွေတောင် မသိဘူး။ ညတွင်းချင်းပဲရောက်လာပြီး နာမည်ခေါ်တယ်။ နာမည်ထဲမှာ ပါတဲ့သူတွေ အခုညပဲမကွေးအကျဉ်းထောင်းကို ပြောင်းရမယ်ဆိုပြီး ခေါ်သွားကြတာ''ဟု ပခုက္ကူထောင် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရ သည့် မင်းတပ်မြို့ဒေသခံအမျိုးသား၊ အမျိုးသမီး ၆၀ဦးကျော်ရှိပြီး လည်းကောင်းအား နယ်မြေခံတပ်ရင်း ၂၇၄ တပ်တွင် စစ်ခုံရုံးမှအမိန့်ချမှတ်ပြီး ပခုက္ကူအကျဉ်းထောင်သို့ပို့ဆောင်ခြင်းဖြစ်သည်။

“ အများစုက ပြစ်မှုကြီးကြီးမားမားရှိတာလည်း မဟုတ်ဘူး။ ဆိုင်ကယ်နဲ့မြို့ထဲကို သွားတယ်။ ဖုန်းစစ် တယ် အဲဒီမှာ သူတို့မသင်္ကာရင်တခါတည်းဖမ်းသွားတယ်။ တချို့အမျိုးသမီးတွေဆိုရင် ထောက်ပို့ ခေါင်း စဉ်တပ်ပြီး ဖမ်းခံရတာများတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

မင်းတပ်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့်သူ ၆၀ ဦးကျော်တွင် မတရားအသင်းနှင့် ဆက်သွယ်ခြင်း၊ ထောက်ပို့လုပ်ဆောင်ခြင်း၊ အစိုးရကိုအကြည်ညိုပျက်စေခြင်းနှင့် အကြမ်းဖက်စသည့်ပုဒ်မများတပ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ်(၂၀)အများဆုံးဖြစ်ပြီး ခုနစ်နှစ်နှင့် သုံးနှစ်များလည်း ပါဝင်ကြောင်း သိရ သည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...