နန်ဇော်ယန်ကျေးရွာတွင် နှစ်ဖက်စစ်ရေးတင်းမာနေခြင်းကြောင့် လယ်လုပ်နေသည့် ပြည်သူအချို့ ပိတ်မိနေ

နန်ဇော်ယန်ကျေးရွာတွင် နှစ်ဖက်စစ်ရေးတင်းမာနေခြင်းကြောင့် လယ်လုပ်နေသည့် ပြည်သူအချို့ ပိတ်မိနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့တို့ စစ်ရေးတင်းမာနေတာကြောင့် နန်ဇော်ဘက်လယ်လုပ်နေတဲ့ ပြည်သူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဒေသခံရဲ့ ပြောပြချက်အရ အင်လုံယန်(N'lung yang)ဘက် အိမ်ခြေ(၂၅)၊ နန်ဇော်ယန်ဘက် အိမ်ခြေ (၁၀)ခု၊ ကဆိုင်ယန်(Kasengyang)ဘက် အိမ်ထောင်စု (9 )အပြင် လယ်လုပ်သွားတဲ့ လဘန်၊ လမြန်၊ တန်ဘောင် အစရှိတဲ့ကျေးရွာအသီးသီးက ပြည်သူတွေ မိမိ ကျေးရွာဒေသကို ရောက်ရှိလာတာမျိုး မရှိသေးဘူးလို့ ဒေသခံတစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဘယ်နှစ်‌ယောက်ဆိုတာတော့ မပြောတတ်ဘူး။ လုပ်တဲ့ နယ်မြေချင်းက မတူတော့။ အင်လုံယန်က နန်ဇော်အကျော်ဘက်မှာ ဟုတ်တယ်။ အဲဒီဘက်က လူတွေ‌ မထွက်လာသေးဘူး။ လယ်တောထဲမှာပဲ ပိတ်မိနေတာပေါ့"လို့သူက ပြောပါတယ်။

မနေ့က နန်ဇော်ယန်ကျေးရွာဘက်မှာ KIAနဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ အထိနာနေခဲ့တာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ကူတာလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ နှစ်ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲပြန်လည် ဖြစ်ပွားလာနိုင်ခြေရှိတာကြောင့် အဲဒီနေရာဘက် တစ်ကြော မှာတောင်ယာလုပ်သွားတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဒေသခံတောင်သူတွေအတွက် စိုးရိမ်နေရတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...